Connect with us

Local

ယာဉ်တန်ဖိုးစံနှုန်းများအား အမှန်တန်ဖိုးနှင့် ပိုမိုနီးစပ်မျှတမှုရှိနိုင်ရန် မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းများနှင့် ပေါင်းစပ်ညှိနှိုင်းမည်

ရန်ကုန်မြို့၌ မော်တော်ယာဉ်များ သွားလာနေမှုမြင်ကွင်း (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ပြည်တွင်းအခွန်းများဦးစီးဌာနသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ယာဉ်တန်ဖိုးစံနှုန်းများသတ်မှတ်ရာတွင် ပိုမိုနီးစပ်မျှတမှုရှိနိုင်မည့် စံနှုန်းများဖြစ်စေရန် မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ရန် အစီအစဉ် ရှိသည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြည်သူ့လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် (ခ) ဇေယျာသော်၏ “ယာဉ်ပိုင်ရှင်အမည်ပြောင်းလဲရာတွင် အခွန်ရာဖြတ်ဌာနမှ ယာဉ်တန်ဖိုးများကို မည်ကဲ့သို့ သတ်မှတ်ပြီး ကာလပေါက်ဈေးနှင့် ကွာခြားလျက်ရှိသည့် မော်တော်ယာဉ်ဈေးနှုန်းများကို မော်တော်ယာဉ်ရောင်း ဝယ်ရေးအသင်းများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ပြင်ဆင်သတ်မှတ်ပေးရန်အစီအစဉ်ရှိ၊ မရှိ” ဟူသာ မေးခွန်းကို ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

 “စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်းများဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ထော်လာဂျီ ယာဉ် တန်ဖိုးစံနှုန်းများ သတ်မှတ်တဲ့နေရာမှာ မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ပိုမိုနီး စပ်မှုရှိပြီး မျှတမှုရှိနိုင်မယ့် စံနှုန်းများကို သတ်မှတ်ပေးရန်အစီအစဉ်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်” ဟု ၎င်းက ဖြေကြားခဲ့သည်။

ထပ်ဆင့်မေးခွန်းနှင့် စပ်လျဉ်း၍လည်း ဒုတိယဝန်ကြီးက “အမှန်တန်ဖိုးက စံနှုန်းထက်ပိုနေတဲ့အခါမှာ ပိုတဲ့ အမှန်တန်ဖိုးကိုပဲ ယူပြီးစည်းကြပ်ပါတယ်။ အမှန်တန်ဖိုးက စံနှုန်းထက်လျော့နေတဲ့ကိစ္စမျိုးတွေမှာ သက်ဆိုင်ရာ စည်းကြပ်တဲ့ နယ်မြေ၊ မြို့နယ်ကနေပြီး တိုင်းနှင့် ပြည်နယ် ဦးစီးဌာနရုံးကို တင်ပြလို့ရှိရင် တိုင်းနှင့် ပြည်နယ်ဦး စီးဌာနရုံးအနေနဲ့ ဒါကို သုံးသပ်ပြီးတော့မှ တကယ် လည်း စံတန်ဖိုးထက် လျော့သင့်တယ်ထင်လို့ရှိရင် တိုင်းနှင့်ပြည်နယ် အခွန်ဦးစီးဌာနရုံးကနေပြီး လျော့ပြီး စည်းကြပ်ပေးဖို့ လုပ်ပိုင်ခွင့်ပေးထားပါတယ်။ ဒါကို ကျေနပ်မှုမရှိရင်လည်း ပြည်တွင်းအခွန်များဦးစီးဌာနရုံးချုပ် ကို ဆက်ပြီးတင်ပြနိုင်ပါတယ်။ တင်ပြတဲ့အခါမှာ ရုံးချုပ်နေနဲ့ လိုအပ်သလို သုံးသပ်ပြီး အမှန်နဲ့ နီးစပ်တဲ့တန်ဖိုး စည်းကြပ်မှာ ဖြစ်ပါတယ်”ဟု ရှင်းလင်းခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.