Connect with us

CHINA

တရုတ်နိုင်ငံ ဟူပေ ပြည်နယ်တွင် COVID-19 ရောဂါ ဖြစ်ပွားမှုအသစ် မရှိ

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၊ ဝူဟန့်မြို့တွင် ဆေးရုံမှဆင်းခွင့်ရသူများနှင့် ဆေးဝန်ထမ်းများအကြား အပြန်အလှန်နှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

ဝူဟန် ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်တွင် ဧပြီ ၆ ရက်၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားမှုအသစ် မရှိကြောင်း ဟူပေ ကျန်းမာရေးကော်မရှင်က ဧပြီ ၇ ရက်၌ ပြောကြားခဲ့သည်။

ဆေးဘက်ဆိုင်ရာလေ့လာမှုအရ ဧပြီ ၆ ရက်တွင် ဟူပေပြည်နယ်၌ ရောဂါလက္ခဏာမပြသည့် လူနာ ၆၉၀ ဦး ရှိခဲ့ပြီး ၃၃ ဦး ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း ကော်မရှင်က ပြောခဲ့သည်။ထို့ပြင် ဧပြီ ၆ ရက်၌ နေပြန်ကောင်းလာသည့် COVID-19 လူနာ ၅၉ ဦးအား ဆေးရုံမှဆင်းခွင့်ပေးခဲ့ကြောင်း၊ ဆေးရုံတွင် ကုသမှုခံယူနေသည့် လူနာ ၅၁၈ ဦးအနက် လူနာ ၁၁၁ ဦးသည် ရောဂါပြင်းထန်နေဆဲဖြစ်ပြီး အခြားသူ ၇၃ ဦးမှာမူ စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေကြောင်း သိရသည်။ဝူဟန့်မြို့တွင် COVID-19 ဖြစ်ပွားသူ ၅၀,၀၀၈ ခု အပါအဝင် ဟူပေပြည်နယ်၌ ယခုအထိ COVID-19 ဖြစ်ပွားကြောင်း အတည်ပြုလူနာ စုစုပေါင်း ၆၇,၈၀၃ ဦးရှိကြောင်း သိရသည်။  (Xinhua)