Connect with us

CHINA

တရုတ် နိုင်ငံ က ပေါ်တူဂီ နိုင်ငံ ၌ ကပ်ရောဂါ တိုက်ဖျက်နိုင်ရန် ကူညီထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု ပြောကြား

ပေါ်တူဂီ နိုင်ငံ တွင် COVID-19 ရောဂါ တိုက်ဖျက်ရန် အတွက် ပိုးသတ်ဆေးဖြန်းနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

လစ္စဘွန်း ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ပေါ်တူဂီ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချိုင့်ရွှန်း (Cai Run) က ဧပြီလ ၆ ရက် ၌ ပေါ်တူဂီ ရုပ်သံလိုင်း ၏ သီးသန့် တွေးဆုံမေးမြန်းမှု အား လက်ခံဖြေကြားရာ တွင် ပေါ်တူဂီ နိုင်ငံ ၌ COVID-19 ရောဂါ စတင် ဖြစ်ပွား ချိန် မှ စ၍ တရုတ် နိုင်ငံ က ပေါ်တူဂီ နိုင်ငံ အား ဘက်ပေါင်းစုံ မှ ကူညီထောက်ပံ့မှု များ ဆောင်ရွက်ပေးခဲ့ပြီး ရှေ့ဆက်၍ လည်း ကပ်ရောဂါ တိုက်ဖျက် နိုင်ရန် ကူညီထောက်ပံ့မှုများ ကို ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

သံအမတ်ကြီး ချိုင့်ရွှန်း က တရုတ် နိုင်ငံ က ပေါ်တူဂီ နိုင်ငံ အား ကပ်ရောဂါ ကာကွယ်ရေး နှင့် ကုသရေး ဆိုင်ရာ နည်းလမ်းများအား ထောက်ပံ့ပေး ခဲ့သည့် အပြင် ကပ်ရောဂါ တိုက်ဖျက်ရေး အတွေ့အကြုံများ ကိုလည်း မျှဝေပေးခဲ့ကြောင်း ၊ ပေါ်တူဂီ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး တွင် လိုအပ်သည့် ပစ္စည်းကိရိယာ များ ထောက်ပံ့ပေးခဲ့သည့်အပြင် တရုတ် နိုင်ငံ သက်ဆိုင်ရာ ပြည်နယ် ၊ မြို့နယ် နှင့် ပေါ်တူဂီ နိုင်ငံ ရှိ တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များ က ဘက်ပေါင်းစုံ မှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း ၊ တရုတ်-ပေါ်တူဂီ နှစ်နိုင်ငံ အတူတကွ ကပ်ရောဂါ တိုက်ဖျက်သည့် လုပ်ငန်းစဉ် အတွင်း နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး သည် ပိုမို နက်ရှိုင်း လာမည် ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြား ယုံကြည်မှု နှင့် ချစ်ကြည်ရေး သည်လည်း ပိုမို ခိုင်မာ ကောင်းမွန် လာစေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဧပြီလ ၆ ရက် အထိ ပေါ်တူဂီ နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက် ခံရသူ စုစုပေါင်း ၁၁,၇၃၀ ဦး ရှိခဲ့ပြီး သေဆုံးသူ ၃၁၁ ဦး ရှိခဲ့ကြောင်း ၊ ပေါ်တူဂီ နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန မှ ပညာရှင် က လတ်တလောရက်ပိုင်း တွင် ရောဂါ ကူးစက်ပျံ့နှံမှု အရှိန် လျော့ကျလာခဲ့ပြီး ကပ်ရောဂါ အခြေအနေ ပြောင်းလဲမှု သည် မေလကုန် ပိုင်းတွင် ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။  (Xinhua)