Connect with us

WORLD

ဂါနာနိုင်ငံမှာ COVID-19 မှ ပြန်လည်သက်သာလာသူက ခွဲခြားဆက်ဆံခြင်းများ အဆုံးသတ်ရန် တိုက်တွန်း

ဂါနာနိုင်ငံ အက်ခရာမြို့သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံမှ ကျန်းမာရေး အထောက်အပံ့ပစ္စည်းများအား တွေ့ရစဉ် (ဆင်ဟွာ)

အက်ခရာ၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

ဂါနာနိုင်ငံတွင် COVID-19 မှ ပြန်လည်သက်သာလာသူတစ်ဦးက ပြည်သူများအနေဖြင့် ရောဂါကူးစက်ခံနေရသည့် လူနာများနှင့် ပျောက်ကင်းသွားသူများအပေါ် စာနာမှုထားကြရန်နှင့် မည်သည့် ခွဲခြားဆက်ဆံမှုများနှင့် ကဲ့ရဲ့ပြစ် တင်မှုများ မပြုလုပ်ကြရန် ဧပြီ၁၆ရက်က တိုက်တွန်းပြောဆိုလိုက်ကြောင်း သိရသည်။

ဧပြီ ၁၂ ရက်က ဆေးရုံမှ ဆင်းခွင့်ရခဲ့သည့် ကလေး လေးယောက်ဖခင် ဖရက်ဒရာ့ဟ် (Fred Drah) သည် ရောဂါကူးစက်ခံရမှုကြောင့် ၎င်းနှင့် မိသားစုမှာ ခွဲခြားဆက်ဆံမှုများ ရင်ဆိုင်နေရပြီး ကဲ့ရဲ့ပြစ်တင်မှုများ ခံစားနေရသည်ဟု ပြောခဲ့သည်။

လူအများက ၎င်းနှင့် ဇနီးကို ပြောဆိုဆက်ဆံရန် ငြင်းဆန်ကြသည်ဟု ဒရာ့ဟ်က ဆိုသည်။ ၎င်း၏ကလေးများ အပြင်ထွက်သည့်အခါတွင်လည်း အိမ်နီးချင်း ကလေးများက လက်ညှိုးထိုးပြောဆိုကြခြင်းကြောင့်  အပြင်မထွက်ကြတော့ကြောင်း ဒရာ့ဟ်က ပြောခဲ့သည်။

ထို့ပြင် ဂါနာနိုင်ငံသားများအနေဖြင့် ယခုကဲ့သို့ ခွဲခြားဆက်ဆံမှုများ အဆုံးသတ်သင့်ပြီဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရောဂါကူးစက်မှုတစ်ခုတည်းနှင့်ပင် စိတ်ဒဏ်ရာရရှိခဲ့ရပြီးဖြစ်ကြောင်းနှင့်  ကဲ့ရဲ့ပြစ်တင်မှုများက ပို၍ဆိုးဝါးစေကြောင်း ၎င်းကပြောပါသည်။

ဒရာ့ဟ်က ဂါနာနိုင်ငံကလူများကို  ကိုရိုနာဗိုင်း ရပ်စ်ပျံ့နှံ့မှုကို ပိုမိုကောင်းမွန်စွာထိန်းချုပ်နိုင်ရေးအတွက် တာဝန်ရှိသူများ၏ ရောဂါကာကွယ်ရန် တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး အကြံပြုချက်ကို လိုက်နာရန်နှင့် အသွားအလာကန့်သတ်စောင့်ကြည့်ခြင်း ညွှန်ကြားများအား လုပ်ဆောင်ကြရန်လည်း ပြောကြားခဲ့သည်။

ဂါနာနိုင်ငံတာဝန်ရှိသူများကလည်း ကူးစက်ခံရသူများကို ကူညီရန်နှင့် ဆက်ဆံမှုများမပြုလုပ်ရေးအတွက် အများပြည်သူများအား ပညာပေးရန် စိတ်ပညာရှင်များအဖွဲ့တစ်ခု ဖွဲ့စည်းထားခဲ့ကြောင်း သိရသည်။  (Xinhua)