Connect with us

WORLD

ပြင်သစ်နိုင်ငံတွင် ဆေးရုံတင်ကုသရသော COVID-19 ရောဂါ လူနာအရေအတွက် ၁၀ ရက် ဆက်တိုက်ကျဆင်းလာ

ပြင်သစ်နိုင်ငံ တောင်ပိုင်း ကန်းန်မြို့၏ မြင်ကွင်းများအား ဧပြီ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပါရီ၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံတွင် လက်ရှိ COVID-19ရောဂါဖြင့် ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ ၃၀,၆၃၉ ဦး ရှိကြောင်း၊ ၎င်းမှာ ပြီးခဲ့သောရက်ကထက် ၅၅၁ ဦး လျော့နည်းသွားခြင်းဖြစ်ပြီး ဆေးရုံတင်ကုသရသည့် လူနာအရေအတွက် ၁၀ ရက် ဆက်တိုက် ကျဆင်းလာခြင်းဖြစ်ကြောင်း ပြင်သစ်နိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန၏ ဧပြီ ၁၈ ရက်က ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

ပြင်သစ်နိုင်ငံ  ဆေးရုံများ၏ COVID-19 ရောဂါ အတည်ပြုလူနာ  စုစုပေါင်း ၁၁၁,၈၂၁ ဦးရှိရာ ပြီးခဲ့သော ၂၄ နာရီအတွင်း ၂,၅၆၉ ဦး ထပ်တိုးလာခြင်းဖြစ်ကြောင်း ၊ ဘိုးဘွားရိပ်သာအပါအဝင် လူမှုရေးဆေးကုသမှုဌာန များတွင် အတည်ပြုလူနာနှင့်သံသယလူနာ စုစုပေါင်း ၆၂,၁၃၅ ဦးရှိရာ ပြီးခဲ့သော ရက်ကထက် ၃,၁၄၆ ဦး တိုးလာကြောင်း  ပြင်သစ်ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၁၈ ရက် ကိန်းဂဏန်းများအရသိရသည်။ လက်ရှိ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူနေသူ ၅,၈၃၃ ဦးရှိပြီး ၎င်းမှာ ပြီးခဲ့သော ၂၄ နာရီအတွင်း ၁၉၄ ဦး လျော့နည်းသွားခြင်းဖြစ်ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ တောင်ပိုင်း ကန်းန်မြို့၏ မြင်ကွင်းများအား ဧပြီ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ တောင်ပိုင်း ကန်းန်မြို့၏ မြင်ကွင်းများအား ဧပြီ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူ ၁၉,၃၂၃ ဦး ရှိပြီး၎င်းမှာ ပြီးခဲ့သော ၂၄ နာရီအတွင်း ၆၄၂ ဦး ထပ်တိုးလာခြင်းဖြစ်ကြောင်း သိရသည်။၎င်းတို့အနက် ဆေးရုံတွင် သေဆုံးခဲ့သူ ၁၁,၈၄၂ ဦးရှိရာ ပြီးခဲ့သောရက်ကထက် ၃၆၄ ဦး တိုးလာကြောင်း၊ ဘိုးဘွားရိပ်သာအပါအဝင် လူမှုရေးဆေးကုသမှုဌာနများ တွင် သေဆုံးသူ စုစုပေါင်း ၇,၄၈၁ ဦး ရှိပြီး ၎င်းမှာပြီးခဲ့သောရက်ကထက် ၂၇၈ ဦးတိုးလာကြောင်း သိရသည်။(Xinhua)