ASEAN
ဂျပန်နိုင်ငံ၌ COVID-19 ကူးစက်ခံရသူ ၁၀,၀၀၀ ကျော်ထိ ရှိလာ
တိုကျို ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)
ဂျပန်နိုင်ငံ၌ ဧပြီ ၁၈ ရက် ညနေပိုင်းအထိ နိုင်ငံတစ်ဝှမ်းတွင် COVID-19 ရောဂါကူးစက်ခံရသူပေါင်း ၁၀,၀၉၈ ဦးအထိ ရှိလာခဲ့ကြောင်း ၊ ယင်းမှာ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုအား ထိန်းချုပ်ရန် အရေးပေါ်အခြေအနေကြေညာပြီးနောက် ပထမဆုံးရက်သတ္တပတ်အတွင်း မြင့်တက်လာသော အရေအတွက်ဖြစ်ကြောင်း ဂျပန်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန နှင့် ဒေသဆိုင်ရာ အစိုးရများက ဆိုသည်။
ဂျပန်နိုင်ငံတွင် COVID-19 ပထမဆုံးလူနာ အတည်ပြုခဲ့ပြီးနောက် ဧပြီ ၉ ရက်အထိ သုံးလတာ ကာလအတွင်း လူပေါင်း ၅,၀၀၀ အထိ ကူးစက်ခံခဲ့ရသည်။သို့သော်လည်း ပြီးခဲ့သော ၉ ရက်တာမျှ ကာလအတွင်း လူနာအရေအတွက်မှာ ၂ ဆ မြင့်တက်သွားခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံ ကျိုတိုမြို့မြင်ကွင်းတစ်ခုအား ဧပြီ ၁၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုမြို့မြင်ကွင်းတစ်ခုအား ဧပြီ ၁၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)
တစ်ချိန်တည်းမှာပင် တိုကျိုမြို့၌ ဧပြီ ၁၈ ရက် ညနေပိုင်းအထိ အတည်ပြုလူနာအသစ် ၁၈၁ ဦးရှိခဲ့ရာ ယင်းမြို့တွင် စုစုပေါင်း အတည်ပြုလူနာ ၂,၉၇၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။ အတည်ပြုလူနာအရေအတွက် ဆက်လက်မြင့်တက်လာခြင်းကြောင့် ဂျပန်အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ စီရင်စုပေါင်း ၄၇ ခုစလုံးကို အရေးပေါ်အခြေအနေ တိုးမြှင့်ကြေညာခဲ့ကြောင်း သိရသည်။(Xinhua)