Videos
တရုတ်-ရုရှား နိုင်ငံဖြတ်ကျော် ချိတ်ဆက်သွယ်တန်းထားသည့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှု ပြီးစီးလုနီးပြီ
လျောင်နင်း၊ဧပြီ ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ် လင်းဟိုင်မြို့တွင် တည်ဆောက်လျှက်ရှိသည့် တရုတ်-ရုရှား နိုင်ငံဖြတ်ကျော် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတည်ဆောက်မှုသည် ပြီးစီးလုပြီဖြစ်ကြောင်းသိရသည်။
၎င်း ပိုက်လိုင်းသည် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း၏ ပြယုဂ်တစ်ခုလည်းဖြစ်သည်။ ၎င်းပိုက်လိုင်းသည် ရုရှားနိုင်ငံ ဘက်အခြမ်းတွင် ၃,၀၀၀ ကီလိုမီတာအရှည်ရှိပြီး တရုတ်နိုင်ငံဘက်အခြမ်းတွင် ၅,၁၁၁ ကီလိုမီတာ အရှည်ရှိသည်။ ပိုက်လိုင်းမှ တစ်ဆင့် ၂၀၂၀ ပြည့်နှစ်အတွင်း ရုရှားနိုင်ငံမှ သဘာဝဓါတ်ငွေ့ ကုဗ မီတာပေါင်း ၅ ဘီလီယံ ခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့ရန်လျာထားသည်။ သဘာဝဓါတ်ငွေ့ တင်ပို့မှုကို တစ်နှစ်ထက်တစ်နှစ်ပိုမို များပြားလာရန်ရည်ရွယ်ထားပြီး ၂၀၂၄ ခုနှစ်မှစတင်ကာ သဘာဝဓါတ်ငွေ့ ကုဗ မီတာပေါင်း ၃၈ ဘီလီယံအထိ တိုးမြှင့်သွားရန် ရည်ရွယ်ထားသည်။တရုတ်နိုင်ငံနှင့် ရုရှားနှစ်နိုင်ငံအကြား နှစ်ပေါင်း ၃၀ သက်တမ်းကြာမြင့်မည့် အမေရိကန်ဒေါ်လာ ၄၀၀ ဘီလီယံ တန်ဖိုးရှိသော ပိုက်လိုင်းသဘောတူညီချက်စာချုပ်ကို ၂၀၁၄ ခုနှစ် မေလတွင် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ (Xinhua)