Connect with us

Videos

အလိုအလျောက်စနစ်အသုံးပြုထားသည့် ကြက်မွေးမြူရေးခြံ

ရှင်းကျန်း၊ မေ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်းဒေသ Hami မြို့ရှိ ကြက်ခြံတစ်ခြံတွင် စက်ကိရိယာများဖြင့် အလိုအလျှောက် စနစ်သုံးကာ လည်ပတ်လျှက်ရှိသည်။ ၎င်းကြက်ခြံတွင် ကြက်လှောင်အိမ် ၆ ခုပါရှိသည်။ အပူချိန် ၂၁ ဒီဂရီ ဆဲလ်စီးယပ်အောက်တွင် ကြက်ကောင်ရေ ၁၇၄,၀၀ဝ ကို အရွယ်အလိုက် အထပ် ၃ ထပ်ခွဲ၍ မွေးမြူထားရှိသည်။ 

ကြက်ခြံတွင် လုပ်ကိုင်နေသူတစ်ဦးဖြစ်သည့် Guo Yinbo က “ ဒီခြံထဲမှာ ဥစားကြက် အကောင် ၅၀,၀၀၀ လောက်ကို အလုပ်သမား ၂ယောက်နဲ့ ပဲ နေ့စဉ် နိုင်နိုင်နင်းနင်းလည်ပတ်နိုင်ပါတယ်” ဟု ဆိုသည်။ အလိုအလျောက်စနစ်၊ စက်ကိရိယာများနှင့် စက်ရုံရှိ အဆင့်မြင့်နည်းပညာအထောက်အပံ့များသည် ကုန်ထုတ်လုပ်မှုစွမ်းအားကို တိုးမြင့်စေနိုင်သည် ။ အလုပ်သမားနှစ်ဦး က ကြက်ဥ များကို အချိန် ၃နာရီအတွင်းထုတ်ပိုးပြီးနောက် နေ့ချင်း ဈေးဝယ်စင်တာများသို့ပို့ဆောင်ကြသည်။ကြက်ခြံ၏ နေ့စဉ်ကြက်ဥထုတ်လုပ်မှုပမာဏမှာ ထိုမြို့၏ နေ့စဉ်ကြက်ဥလိုအပ်မှုပမာဏ၏ ထက်ဝက်ခန့်ရှိသည်။ကြက်ခြံတွင် အပူချိန်နှင့်လေဝင်လေထွက်စနစ်တို့ကိုဆင်ဆာများဖြင့် အလိုအလျောက်ထိန်းညှိ ပေးထားသည်။ကြက်များ၏ ထားရှိသည့်အဆင့်အလိုက် ကျန်းမာသည့်ပတ်ဝန်းကျင်ကောင်းရစေရန် အစာနှင့်ရေကို ကွန်ပျူတာစနစ် ဖြင့်ထိန်းချုပ်ကျွေးမွေးကြောင်းသိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.