Videos
ကမ္ဘာလုံးဆိုင်ရာ မြေပုံညွှန်းစနစ် အသုံးပြုထားသော ဂြိုဟ်တုတစ်စင်း ကို တရုတ်နိုင်ငံကအောင်မြင်စွာလွှတ်တင်
စီချွမ်း၊ ဇွန် ၂၃ ရက်(ဆင်ဟွာ)
ကမ္ဘာလုံးဆိုင်ရာ မြေပုံညွှန်းစနစ် တပ်ဆင် အသုံးပြုထားသော ဂြိုဟ်တုတစ်စင်း ကို တရုတ်နိုင်ငံက ယနေ့ ဇွန် ၂၃ ရက်တွင် စီချွမ်း ပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့သည်။ အဆိုပါ ဂြိုဟ်တုသည် BeiDou မိသားစုဝင်၏ ၅၅ စင်းမြောက်ဂြိုဟ်တုဖြစ်ပြီး ဂြိုလ်ပတ်လမ်းအတွင်းရောက်ရှိအောင် Long March-3B ဒုံးပျံထိပ်ဖူးတစ်စင်းက အောင်မြင်စွာ သယ်ယူ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံက ကိုယ်ပိုင်မြေပုံညွှန်းစနစ်ကို ၁၉၉၀ပြည့်နှစ်များဆီက စတင် ထုတ်လုပ်ခဲ့သည်။ ထိုစနစ်ကို ၂၀၁၂ ခုနှစ်တွင်အာရှ ပစိဖိတ်ဒေသတွင် စတင်အသုံးပြုခဲ့သည်။ (Xinhua)
Continue Reading