Videos
ကမ္ဘာ့အကြီးဆုံး ရေထိန်းချုပ်ရေး အစီအမံများလုပ်ဆောင်ထားသည့် ရေကာတာစီမံကိန်းကြီး
ချုံချင့်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ချုံချင့်ဒေသရှိ မြစ်ကျဉ်းသုံးသွယ် ရေကာတာ စီမံကိန်းဒေသတစ်ဝိုက်အား ထိန်းသိမ်းကာကွယ်ရန် ရန်ပုံငွေများတိုးမြှင့်ချထားမည်ဖြစ်ကြောင်းသိရသည်။ မြစ်ကျဉ်းသုံးသွယ် ရေကာတာ စီမံကိန်းမှာ ယန်ဇီမြစ်ကြောင်း၏ အပေါ်ပိုင်းတွင်တည်ရှိသည်။ ၎င်းဒေသသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ရေထိန်းချုပ်ရေး အစီအမံများလုပ်ဆောင်ထားသည့် ရေကာတာစီမံကိန်းကြီးတစ်ခုလည်းဖြစ်သည်။ ထို့အပြင် ၎င်းသည် တရုတ်နိုင်ငံ၏ အလွန်အရေးကြီးသည့် ဂေဟစနစ်ဒေသတစ်ခုဖြစ်ပြီး ရေချိုအရင်းအမြစ်များထိန်းသိမ်းထားသည့် ရေလှောင်ကန်တစ်ခုလည်းဖြစ်သည်။ သဘာဝ နှင့်လိုက်လျောညီထွေသည့် စီမံကိန်းများသည် ဒေသခံပြည်သူများအတွက် ဂေဟဗေဒနှင့်ဇီဝဗေဒဆိုင်ရာ အကျိုးကျေးဇူးများကိုဆောင်ကြဉ်းပေးနိုင်သည်။(Xinhua)