Connect with us

Videos

COVID-19 ကပ်ရောဂါကြီးကိုကျော်လွှားပြီးနောက် ဟူပေပြည်နယ် တွင် တံတားသစ်ကြီးတစ်စင်းကိုပထမဆုံး ဖွင့်လှစ် 

ဟူပေ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ ဟူပေပြည်နယ် ရှန်းယန်မြို့တွင် ဖုန်းချူဟန်ကျန်းမြစ်ကူးတံတားကြီးကို ဇွန်လ ၂၄ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။

၎င်းမှာ ဟူပေပြည်နယ်အတွင်း COVID-19 ကပ်ရောဂါကြီးကို အောင်မြင်စွာကျော်လွှားခဲ့ပြီးနောက် ပထမဆုံးနှင့်အကြီးဆုံးဖွင့်လှစ်ပေးသည့်  တံတားကြီးတစ်စင်းလည်းဖြစ်ခဲ့သည်။

မျှော်စင် ၃ ခုပါဝင်သည့် ကြိုးတံတားကြီးမှာ ၇၅၆ မီတာအရှည်ရှိပြီး ပင်မတံတားအကျယ်မှာ ၃၇၈ မီတာရှိကာ တစ်နာရီလျှင်၆၀ ကီလိုမီတာအမြန်နှုန်းဖြင့်မောင်းနှင်ပြေးဆွဲရန် ဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်သည်။

မြို့အတွင်းယာဉ်ကြောပိတ်ဆို့မှုကိုဖြေလျှော့ရန်နှင့် ဒေသတွင်း စီးပွားရေးပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ကာ ထိုတံတားကိုတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.