Videos
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အလိုအလျောက်မောင်းနှင်သည့် မော်တော်ယာဉ်ဝန်ဆောင်မှုများ စတင်
ရှန်ဟိုင်း၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ မော်တော်ယာဉ်ဝန်ဆောင်မှု ကုမ္ပဏီကြီး ဖြစ်သည့် Didi Chuxing (DiDi)သည် ၄င်းတို့၏မောင်းသူမဲ့ကားကို ဇွန် ၂၈ ရက်မှစ၍ တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ကြီး၏ သတ်မှတ်ထားသည့် စမ်းသပ်မောင်းနှင်ရာလမ်းကြောင်းတွင် စမ်းသပ်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
DiDi’s mobile appတွင် မှတ်ပုံတင်ထားသူများ အနေဖြင့် ကျားတင့်ခရိုင်အတွင်း ၅၃.၆ ကီလိုမီတာရှိ သတ်မှတ်လမ်းများတွင် သွားလာမည်ဆိုပါက အလိုအလျောက်မောင်းနှင်နိုင်သည့် ကားကို အခမဲ့စီးနှင်းနိုင်မည်ဖြစ်သည်။ အရေးပေါ်ကိစ္စနှင့် လိုအပ်ပါက ကားလက်ကိုင် ထိန်းချုပ်နိုင်ရန်အတွက်လည်း ဝန်ထမ်းတစ်ဦး ထားရှိထားသလို DiDiအနေဖြင့်လည်း အလိုအလျောက်မောင်းနှင် မော်ယာဉ်များအတွက် မောင်းနှင်သွားလာမှုကို အဝေးမှစောင့်ကြည့်နိုင်ရန်နှင့် လိုအပ်ပါက အဝေးမှကူညီဆောင်ရွက်ပေးနိုင်ရန် လုံခြုံရေးစင်တာတစ်ခု ထားရှိထားသည်။ ၂၀၁၆ ခုနှစ်က ကျားတင့်ခရိုင်တွင် ဉာဏ်ရည်တုမော်တော်ယာဉ်ဆက်သွယ်ရေးစမ်းသပ်ဇုန် စတင်ခဲ့ရာ ယခုအခါ စမတ်မော်တော်ယာဉ်များစမ်းသပ်မောင်းနှင်သည့် သတ်မှတ်လမ်းကြောင်းများအားလုံးတွင် 5G ကွန်ရက် လွှမ်းမိုးထားပြီဖြစ်သည်။ (Xinhua)