Videos
တရုတ်နိုင်ငံတွင် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုပြီးနောက် ရုပ်ရှင်ချစ်သူများဖြင့် စည်ကား
ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၌ COVID-19 အခြေအနေတိုးတက်လာခြင်းကြောင့် လများစွာကြာ ပိတ်ထားခဲ့ရသည့် ရောဂါကူးစက်မှုအန္တရာယ်နည်းပါးသည့် မြို့များရှိ ရုပ်ရှင်ရုံများကို ဇူလိုင် ၂၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။မြို့များစွာရှိ ရုပ်ရှင်ရုံများ၌ ဇူလိုင် ၂၀ ရက်တွင် ပြသမည့်ရုပ်ရှင်အတွက် လက်မှတ်များမှာ လျင်မြန်စွာကုန်သွားခဲ့သည်ဟု ဆိုသည်။
ရုပ်ရှင်ချစ်သူများအနေဖြင့် နာမည်ရင်းဖြင့် အွန်လိုင်းမှ ကြိုတင်စာရင်းသွင်းခြင်းနှင့် လက်မှတ်ဝယ်ယူခြင်းများ ပြုလုပ်ရမည်ဖြစ်ပြီး ရုပ်ရှင်ရုံအတွင်း လူချင်းကပ်လျက်ထိုင်ခွင့်ရမည်မဟုတ်ပေ။ကွေ့ယန်မြို့ရှိ ရုပ်ရှင်ရုံတစ်ရုံ၏ မာကတ်တင်းမန်နေဂျာဖြစ်သူ Ji RUOCHEN က “ကျွန်တော်တို့အနေနဲ့ ပြန်လည်ဖွင့်ဖို့လုပ်ငန်းစဉ်တွေနဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာခဲ့တယ်။ ရုပ်ရှင်ကြည့်သူတွေကိုလည်း နာမည်ရင်းတွေနဲ့ မှတ်ပုံတင်ဖို့ ပြောရပါတယ်။ သူတို့ရဲ့ ကိုယ်အပူချိန်တွေကိုတိုင်းတယ်။ သူတို့အနေနဲ့ ရုပ်ရှင်ရုံကို လာတဲ့အခါ နှာခေါင်းစည်းတွေကို ဝတ်ဆင်လာရပါမယ်။ တစ်ယောက်နဲ့တစ်ယောက်ကို တစ်မီတာအကွာအဝေးနဲ့ ကျွန်တော်တို့နေရာချထားပေးပါတယ်” ဟု ပြောခဲ့သည်။တရုတ်နိုင်ငံတွင် ဇူလိုင် ၂၀ ရက်က ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြီးနောက်အခြေအနေများကို အောက်ပါဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။ (Xinhua)