Connect with us

Science & Technology

တရုတ်နိုင်ငံ၏ နည်းပညာမြင့်ဇုန်များက ကပ်ရောဂါကာလအတွင်း တိုးတက်မှုကို ထိန်းထားလျက်ရှိ 

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် ဝူရှီး နည်းပညာမြင့်ဇုန်ရှိ လေယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်ရေးစက်ရုံ လုပ်ငန်းခွင်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နည်းပညာမြင့်ဇုန်များသည် COVID-19 ကူးစက်ရောဂါသက်ရောက်မှုရှိသော်လည်း တိုးတက်မှုကို ထိန်းထားနိုင်ခဲ့ကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက ဇူလိုင် ၂၃ ရက်က ပြောကြားခဲ့သည်။

အဆိုပါ နည်းပညာမြင့်ဇုန်များ၏ ဝင်ငွေသည် မေလတွင် ယွမ် ၃.၂၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၆၇ ဘီလီယံခန့်) ရှိခဲ့ပြီး မနှစ်ကထက် ၁၀.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ပို့ကုန်ပမာဏအနေဖြင့် ယွမ် ၃၁၉ ဘီလီယံရှိခဲ့ကာ ပြီးခဲ့သည့်နှစ်ကထက် ၁၃.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး Xu Nanping က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ခိုင်မာသောသိပ္ပံနှင့် နည်းပညာ ဆိုင်ရာတီထွင်ဆန်းသစ်မှုစွမ်းဆောင်နိုင်စွမ်းနှင့်အတူ နည်းပညာမြင့်ဇုန်များသည် ထိခိုက်မှုများကို ကြံ့ကြံ့ခံနေသည်ကို ပြသလျက်ရှိပြီးတစ်နိုင်ငံလုံးပျမ်းမျှတန်ဖိုးထက် တိုးတက်မှုမြင့်မားကြောင်း Xu က ပြောခဲ့သည်။

ယခုနှစ် ပထမသုံးလပတ်တွင်း နည်းပညာမြင့်ဇုန်များ၌ လူပေါင်း ၂၆.၅၆ သန်းကျော်ကို အလုပ်ခန့်ထားနိုင်ခဲ့ရာ ပြီးခဲ့သည့်နှစ်ကထက် ၂.၁ ရာခိုင်နှုန်း တိုးလာခဲ့သည်။

ယင်းကာလအတွင်း အဆိုပါ နည်းပညာမြင့်ဇုန်များ၌ စုစုပေါင်း အလုပ်အကိုင်သစ် ၅၀၈,၀၀၀ ဖန်တီးပေးနိုင်ခဲ့ပြီး မနှစ်ကထက် ၆.၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ နည်းပညာမြင့်ဇုန်များသည် တီထွင်ဆန်းသစ်မှုမောင်းနှင်သော ဖွံ့ဖြိုးတိုးတက်မှုကျောရိုး နှင့် နိုင်ငံ၏ အရည်အသွေးမြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဖိုးတန်သော အတွေ့အကြုံများတည်ဆောက်ခြင်းတွင် အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်လျက်ရှိကြောင်း Xu က ဖြည့်စွက်ပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.