Connect with us

Videos

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် တရုတ်နိုင်ငံက တည်ဆောက်သည့် ရထားလမ်း ဇလီဖားတုံး အလိုအလျောက် ထုတ်လုပ်ရေးစက်ရုံ

ဒါကာ၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)

COVID-19 ကူးစက်ရောဂါ ဖြစ်ပွားပျံ့နှံ့မှုကြားမှပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၏ ဒေသတွင်း ကူးလူး ဆက်သွယ်မှုကဏ္ဍတွင် ကြီးစွာ အထောက်အပံ့ဖြစ်စေမည့် ဘင်္ဂလားဒေ့ရှ် ပတ္တမာ ရထားလမ်းတံတား တည်ဆောက်ရေးစီမံကိန်း (PBRLP) တွင်လိုအပ်နေသည့် ကွန်ကရစ် ဇလီဖားတုံးများကို အလိုအလျောက် ထုတ်လုပ်ပေးနိုင်သည့် စက်ရုံတစ်ရုံကို တရုတ်နိုင်ငံက အောင်မြင်စွာတည်ဆောက်ပေးခဲ့ကြောင်းသိရသည်။

ကမ္ဘာ့ထိပ်တန်းဆောက်လုပ်ရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် တရုတ်နိုင်ငံ ရထားလမ်းတည်ဆောက်ရေး လီမိတက် (CREC) က အကျယ်အဝန်းအားဖြင့် ဧရိယာ စတုရန်းမီတာပေါင်း ၇,၃၃၃ မီတာ ဝန်းကျင်ရှိ  အလိုအလျောက်ကွန်ကရစ်ဇလီဖားတုံးထုတ်လုပ်ရေးစက်ရုံကို ဇူလိုင်လ တွင် အပြီးတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

PBRLP စီမံကိန်း၏ ရထားလမ်းတံတားတစ်ခုလုံးသည် အရှည်အားဖြင့်ကီလိုမီတာ ၁၇၀ ရှိပြီး CREC လုပ်ငန်းစုကြီးကတာဝန်ယူဆောက်လုပ်နေခြင်းဖြစ်သည်။ ၎င်း စီမံကိန်းတွင် အသုံးပြုမည့် ကွန်ကရစ် ဇလီဖားတုံး ၃၇၀,၀၀၀ ကို ထုတ်လုပ်ပေးမည့် ယခုတည်ဆောက်ပြီးစီးခဲ့သည့် အလိုအလျောက် ဇလီဖားတုံး ထုတ်လုပ်ရေးစက်ရုံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ပထမဆုံးစက်ရုံတစ်ရုံဖြစ်ပြီး စက်ကိရိယာအလုံးစုံကို တရုတ်နိုင်ငံထုတ် စက်ပစ္စည်း ယန္တရားများကိုအသုံးပြုထားကြောင်းသိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်တွင် တက်ကြွစွာပါဝင်ဆောင်ရွက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံနှင့် အရေးပါသည့် အခြေခံအဆောက်အဦ ဆိုင်ရာစီမံကိန်းများစွာတွင် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.