Videos
ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက်နိုင်ငံများ၏ ကူးလူးဆက်သွယ်မှုအား မြှင့်တင်ပေးသည့် တရုတ် ကုန်တင်ရထားများ
ဆန်းတုန်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်-ဥရောပ နှင့် တရုတ်- အာရှ နိုင်ငံများသို့ ကုန်စည် ပို့ဆောင်သည့် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် မှ ကုန်တင်ရထားများသည် တရုတ်နိုင်ငံက အစပျိုးဖော်ဆောင်သည့် ရပ်ဝန်းနှင့်ပိုးလမ်းမ တစ်လျှောက်နိုင်ငံများနှင့် ကူးလူးဆက်သွယ်မှုပိုမိုမြှင့်တင်လျက်ရှိသည်။ ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင် ဥရောပ အာရှနိုင်ငံများသို့ အဆိုပါ ရထားများဖြင့် ဆေးဝါးအထောက်အပံ့ပစ္စည်းများကို ပို့ဆောင်ပေးခဲ့သည်။
ဆန်းတုန်းပြည်နယ်မှ ကုန်စည်ရထားများမှာ ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ မြို့ပေါင်း ၄၂ မြို့သို့ နိုင်ငံတကာ ရထားအစင်းပေါင်း ၃၆ စင်း ဖြင့် ချိတ်ဆက်ပြေးဆွဲနေခြင်းဖြစ်သည်။အဆိုပါကုန်တင်ရထားများဖြင့် သယ်ယူပို့ဆောင်မှုများကြောင့် ယခုနှစ် ပထမ ၇ လအတွင်း ရပ်ဝန်းနှင့်ပိုးလမ်းမ တစ်လျှောက်နိုင်ငံများအကြား နိုင်ငံခြားကုန်သွယ်မှု တန်ဖိုးမှာ ယွမ်ငွေ ၃၄၆.၃၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၀.၂၅ဒေါ်လာ) ရာခိုင်နှုန်းအားဖြင့် ယခင်နှစ်အလားတူကာလထက် ၅.၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ (Xinhua)