Connect with us

WORLD

တရုတ်နိုင်ငံ၏ တိုးတက်မှုက ကမ္ဘာ့စီးပွားရေးအတွက် “အပြုသဘောဆောင်သည့် တွန်းအား” ဖြစ်ကြောင်း IMF အကြီးအကဲပြော

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ မန်နေဂျင်းဒါရိုက်တာ Kristalina Georgieva ကို ကမ္ဘာ့ဘဏ်နှင့် IMF တို့၏ နှစ်ပတ်လည်အစည်းအဝေးအတွက် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်ကြားမှ တရုတ်နိုင်ငံ၏ တိုးတက်မှုသည် ကမ္ဘာ့စီးပွားရေးအတွက် အပြုသဘောဆောင်သော တွန်းအားတစ်ရပ်ဖြစ်ပြီး အထူးသဖြင့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ချိတ်ဆက်နေသော နိုင်ငံများနှင့် ကုန်ပစ္စည်းတင်ပို့သူများအား ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်များမှတစ်ဆင့် အကျိုးကျေးဇူးရရှိနိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မန်နေဂျင်းဒါရိုက်တာ Kristalina Georgieva က အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးအပေါ် IMF ၏ နောက်ဆုံးခန့်မှန်းထားချက်သည် ယင်းနိုင်ငံ၏ ကပ်ရောဂါ ထိန်းချုပ်ရန် “တိကျသော” ဆောင်ရွက်ချက်များနှင့် ယင်းနိုင်ငံ၏ စီးပွားရေးအတွက် “ထိရောက်သော တွန်းအား” ကို အခြေခံထားကြောင်း ကမ္ဘာ့ဘဏ်အုပ်စုနှင့် IMF တို့၏ နှစ်ပတ်လည်အစည်းအဝေးအတွင်း အွန်လိုင်း သတင်းစာရှင်းလင်းပွဲ၌ Georgieva က ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၃ ရက်က  နောက်ဆုံးထုတ်ပြန်ထားသည့် ကမ္ဘာ့စီးပွားရေးသုံးသပ်ချက် အစီရင်ခံစာတွင် IMF က ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေးသည် ၄.၄ ရာခိုင်နှုန်းအထိ သိသိသာသာလျော့ကျလာမည်ဟု ခန့်မှန်းထားသည်။ ထို့ပြင် ယခုနှစ်၌ တရုတ်နိုင်ငံ၏ စီးပွားရေးမှာမူ ၁.၉ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဖြစ်ကာ ဇွန်လ ခန့်မှန်းချက်ထက် ၀.၉ ရာခိုင်နှုန်းတက်လာမည်ဟု IMF က ခန့်မှန်းထားသည်။

တရုတ်နိုင်ငံ၏ တိုးတက်မှုသည် “ ကမ္ဘာ့စီးပွားရေးအတွက် အပြုသဘောဆောင်တဲ့ တွန်းအား” ဖြစ်ကြောင်း Georgieva က ပြောခဲ့သည်။ ယင်းသည် သတ္တုများနှင့် အခြားကုန်စည်များ တင်ပို့သည့်နိုင်ငံများအတွက် အရေးပါပြီး တရုတ်နိုင်ငံမှ ဝယ်လိုအားသည် ယခုအခါ ထိုနိုင်ငံများအတွက် အကျပ်အတည်းမှ သက်သာရာရစေမည်ဖြစ်ကြောင်း၊ ကုန်စည်ဈေးနှုန်းများလည်း မြင့်တက်လာခဲ့ကြောင်း ဆိုသည်။

တရုတ်နိုင်ငံ၏ တိုးတက်မှုသည် ကမ္ဘာ့တန်ဖိုးကွင်းဆက်မှတစ်ဆင့် တရုတ်နိုင်ငံ စီးပွားရေးနှင့်ချိတ်ဆက်နေသော အခြားသောနိုင်ငံများအတွက် အရေးပါပြီး တရုတ်နိုင်ငံမှ  ဝယ်လိုအားသည် ယင်းနိုင်ငံများတွင် တိုးတက်မှုအတွက် မောင်းနှင်အားဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံသည် ကာကွယ်ဆေးဖော်ထုတ်ရေးအတွက် နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှုများတွင် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး ကပ်ရောဂါကို ကျော်လွှားရန် ကမ္ဘာ့ယုံကြည်မှုကို တည်ဆောက်လျက်ရှိသည်။

ယခုသီတင်းပတ်အစောပိုင်းတွင် ဆင်ဟွာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခြင်းတွင် IMF စီးပွားရေးပညာရှင် အကြီးအကဲ Gita Gopinath က “နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးစနစ်ဟာ ပိုမိုအရေးကြီးလာပါပြီ” ဟု ပြောခဲ့သည်။
 “ကပ်ရောဂါနဲ့အတူ ကမ္ဘာပေါ်ရှိ နေရာတိုင်းမှာ ကျွန်မတို့ မထိန်းချုပ်နိုင်ဘူးဆိုရင် ကမ္ဘာပေါ်ရှိ ဘယ်နေရာမှ ဘေးကင်းမှာမဟုတ်ဘူး။ နိုင်ငံတွေအနေနဲ့ အတူတကွလုပ်ဆောင်သွားရမှာပါ” ဟု Gopinath က ဆိုသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.