Videos
မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ ၄၀,၀၀၀ကျော်လာပြီး သေဆုံးသူ ၁,၀၀၀ ကျော်ထိရှိ
ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ယနေ့(အောက်တိုဘာ ၂၂ ရက်) ညပိုင်းတွင် COVID-19 ရောဂါဖြစ်ပွားသူ ၄၀,၀၀၀ ကျော်လာပြီး သေဆုံးသူ ၁,၀၀၀ ကျော်ထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၁,၃၁၂ ဦး တိုးလာပြီး ရောဂါဖြစ်ပွားသူ စုစုပေါင်း ၄၁,၀၀၈ ဦးထိရှိလာကြောင်းနှင့် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ သေဆုံးသူ ၃၃ ဦးရှိခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၁,၀၀၅ ဦးထိ ရှိလာကြောင်း သိရသည်။ (Xinhua)