Connect with us

Videos

တရုတ်နိုင်ငံ၌ မျိုးဆက်သစ် “လူသားတို့ဖန်တီးထားသည့်နေ” ချိန်တူးမြို့တွင် စတင် အသုံးပြုနေပြီဖြစ်

ချိန်တူး ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့်တည်းဖြတ် /စုဝင့်

HL-2M Tokamak ဟုအမည်ရသည့် တရုတ်နိုင်ငံ၏ နောက်ထပ်မျိုးဆက်တစ်ခုဖြစ်သော “လူသားတို့ဖန်တီးထားသည့်နေ” အား စတင် အသုံးပြုနေပြီဖြစ်ကြောင်းသိရသည်။

ယင်း”နေတု” မှ plasma များ ပထမဆုံး ထုတ်လွှတ်မှု ပြုလုပ်နိုင်ခဲ့ပြီဖြစ်သည်။

China National Nuclear Corp. မှ ဥက္ကဌ Yu Jianfeng က

“၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၄ ရက်မှာ HL-2M ကနေ ပထမဆုံး plasma ထုတ်လွှတ်မှု အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကျွန်တော် ကြေညာလိုက်ပါတယ်” ဟုဆိုသည်။

ချိန်တူးမြို့ရှိ ဖန်တီးထားသည့်နေတွင် ဟိုက်ဒရိုဂျင်နှင့် deuterium (အပြင်းစား ဟိုက်ဒရိုဂျင်)တို့အားလောင်စာအဖြစ်အသုံးပြုကာ နေ တွင် ပါဝင်သည့် သဘာဝ ဓါတ်ပြုမှုများကို  တုပ ထည့်သွင်းကာဒီဇိုင်းထုတ်ထားသည်။

၎င်းသည် နျူကလီးယားပေါင်းစပ်မှု ထိန်းချုပ်ခြင်းမှတစ်ဆင့် သန့်စင်သော စွမ်းအင်များကို ထုတ်လုပ်ပေးသည်။

“လူသားတို့ဖန်တီးထားသည့်နေ”သည် တရုတ်နိုင်ငံ၌ အရွယ်အစားအကြီးဆုံးနှင့် သတ်မှတ်ချက်အမြင့်မားဆုံး ပြည်တွင်းထုတ်လုပ်မှုတစ်ခုလည်းဖြစ်သည်။

ယခု ထုတ်လုပ်သည့် HL-2M Tokamak  သည် ယခင်ထုတ်လုပ်ခဲ့သည့် HL-2A Tokamak ထက် တည်ဆောက်ပုံနှင့် ထိန်းချုပ်မှုစနစ်များပိုမိုအဆင့်မြှင့်ထားကြောင်းသိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.