Connect with us

Videos

ကွယ်လွန်သူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဘူထရို့စ် ဘူထရို့စ်-ဂါလီ ၏ ဂုဏ်ကျေးဇူးကို အောက်မေ့သည့် အထိမ်းအမှတ်ကျင်းပ

နယူးယောက်၊ ဖေဖော်ဝါရီ ၁၉ (ဆင်ဟွာ)

ဖေဖော်ဝါရီလ (၁၆)ရက်နေ့ တွင် ကွယ်လွန်ခဲ့သော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း အီဂျစ်လူမျိုး အသက် ၉၃ နှစ်အရွယ် ဘူထရို့စ် ဘူထရို့စ်-ဂါလီ (Boutros Boutros-Ghali) ကွယ်လွန်ခြင်း အတွက် လက်ရှိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ကုလသမဂ္ဂ ရုံးချုပ်အဆောက်အဦးတွင် ဝမ်းနည်းကြောင်း မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့သည်။

ထို့အတူ ကွယ်လွန်သူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဘူထရို့စ် ဘူထရို့စ်-ဂါလီ ၏ ဂုဏ်ကျေးဇူးကို အောက်မေ့သည့် အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ပင် ကုလသမဂ္ဂ အလံ များတစ်ဝက်လွှင့်ထူကာ ဝမ်းနည်းကြောင်းမှတ်တမ်းတင်ခဲ့သည်။

ဘူထရို့စ်-ဂါလီအား လေးစားဖွယ် အထင်ကရ နိုင်ငံရေးသမား တစ်ယောက် ဖြစ်ကြောင်း လက်ရှိ ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် ဘန်ကီမွန်းက မှတ်ချက်ပြုခဲ့သည်။ ဘူထရို့စ်-ဂါလီ ကွယ်လွန်ခြင်းအတွက် ဖေဖော်ဝါရီလ ၁၆ ရက်က နယူးယောက်တွင် ကျင်းပနေသည့် ရီမန် လူသားချင်း စာနာထောက်ထားခြင်း ဆိုင်ရာ ပဋိပက္ခ အစည်းအဝေး၌ တစ်မိနစ်ခန့် အားလုံး ငြိမ်သက်စွာ မတ်တပ်ရပ်လျက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.