CHINA
တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် COVID-19 ကာကွယ်ဆေး အလုံးရေ ၂၁၇,၀၀၀ ကျော် ထိုးနှံပြီးစီး
ကျိနန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်
တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ရှိ ကူးစက်နိုင်ခြေမြင့်မားသော အဓိကအုပ်စုများကို COVID-19 ကာကွယ်ဆေး စုစုပေါင်း အလုံးရေ ၂၁၇,၁၅၈ ထိုးနှံပေးပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၄ ရက် တွင် ပြောကြားခဲ့သည်။
ဇန်နဝါရီ ၃ ရက်အထိ ကာကွယ်ဆေးထိုးနှံခဲ့သူများတွင် ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးမရှိကြောင်း ပြည်နယ်ကျန်းမာရေး ကော်မရှင်က ပြောခဲ့သည်။အဆိုပါ ပြည်နယ်အတွင်း ဆိပ်ကမ်းမြို့များရှိ ဆက်စပ်နေသည့် ဝန်ထမ်းများကို ကာကွယ်ဆေးများ ဦးစားပေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ကျိနန်မြို့ရှိ ဆေးရုံတစ်ရုံတွင် COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေသော ကျန်းမာရေးဝန်ထမ်းတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် ဒီဇင်ဘာလလယ်ပိုင်းက ဆောင်း-နွေဦးကာလအတွက် အဓိကအုပ်စုများကိုရည်ရွယ်သည့် ကာကွယ်ဆေးအစီအစဉ်တစ်ရပ်ကို တရားဝင် ဆောင်ရွက်ခဲ့သည်။ အဆိုပါ အုပ်စုများတွင် တင်သွင်း အေးခဲထုတ်ကုန်များ ကိုင်တွယ်လုပ်ဆောင်ရသူများ၊ အကောက်ခွန်အရာရှိများ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ကုန်စိမ်းဈေးများ၌ အလုပ်လုပ်ကိုင်သူများ ပါဝင်သည်။
“ကျွန်တော်က အေးခဲထုတ်ကုန်လုပ်ကိုင်ရတာဆိုတော့ ဗိုင်းရပ်စ်ကူးစက်ခံရမှာကို ကျွန်တော် အမြဲစိုးရိမ်နေခဲ့တာ။ ကာကွယ်ဆေးက ကျွန်တော်ကို စိတ်သက်သာရာ ရစေခဲ့တယ်” ဟု လင်းယီမြို့ Tancheng ကောင်တီ တွင် အခြေစိုက်သည့် အစားအသောက် ကုမ္ပဏီတစ်ခု၏ အေးခဲစားသောက်ကုန်ဝန်ထမ်း ရှားတုံတုန်းက ဆိုသည်။
“ကျွန်တော့်မှာ ဆိုးကျိုးတုံ့ပြန်မှု မရှိပါဘူး ” ဟု ၎င်းက ပြောခဲ့သည်။ကော်မရှင်၏အဆိုအရ တင်သွင်းလာသည့် အေးခဲကုန်စည်များနှင့် အရင်ထိတွေ့ရသည့် အကောက်ခွန်စစ်ဆေးရေးဝန်ထမ်းများနှင့် ဆိပ်ကမ်းများတွင် ကုန်တင်ကုန်ချလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် လုပ်ကိုင်သူများအား ပထမဆုံး ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။ (Xinhua)
———————————————————
(English Version)
Over 217,000 COVID-19 vaccine doses administered in east China province
JINAN, Jan. 4 (Xinhua) — A total of 217,158 doses of COVID-19 vaccines have been administered to key groups with higher risks of infection in east China’s Shandong Province, authorities said on Monday.
As of Sunday, no serious side effects have been reported among vaccine recipients, said the provincial health commission.
Related personnel in port cities are prioritized for inoculation.
China in mid-December officially launched a vaccination program for the winter-spring period targeting several key groups. These groups include those engaged in the handling of imported cold-chain products, customs officers, medical workers, and people working in public transport and fresh produce markets.
“I used to be worried about being infected with the virus as I’m in the cold-chain business. The vaccination has comforted me,” said Xia Dongdong, a cold-chain food processing worker at a food company called Tanrun based in Tancheng County in the city of Linyi.
“I’ve had no adverse reactions,” he said.
According to the commission, frontline customs inspectors involved in the import of frozen goods and loading and transporting personnel working at ports have received their first vaccine doses. Enditem
1- 2 -A medical worker inoculates a recipient with a COVID-19 vaccine at a hospital in Jinan of east China’s Shandong Province, Jan. 4, 2021. A total of 217,158 doses of COVID-19 vaccines have been administered to key groups with higher risks of infection in east China’s Shandong Province, authorities said on Monday. As of Sunday, no serious side effects have been reported among vaccine recipients, said the provincial health commission. According to the commission, frontline customs inspectors involved in the import of frozen goods and loading and transporting personnel working at ports have received their first vaccine doses. (Xinhua/Guo Xulei)