Connect with us

CHINA

တရုတ်နိုင်ငံကွမ်တုံ၌ ပြည်ပမှပြန်လာသူတစ်ဦးထံတွင် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ် Shenzhen တွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ကျန်းမာရေးဝန်ထမ်းက အမျိုးသမီးတစ်ဦးအား COVID-19 ကာကွယ်ဆေးထိုးနှံပေးနေစဉ်(ဆင်ဟွာ)

ကွမ်ကျိုး ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်၌ ပြည်ပမှ ပြန်လာသူတစ်ဦးသည် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်နယ် ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် ကြိုတင်ကာကွယ်ရေးစင်တာက ယနေ့ ဇန်နဝါရီ ၃ ရက်တွင်ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံတွင် သွားရောက်ပညာသင်ကြားရာမှ ပြန်လာသော အသက် ၁၈ နှစ်အရွယ် တရုတ်နိုင်ငံသားတစ်ဦးထံတွင် ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။၎င်းသည် ဒီဇင်ဘာ ၄ ရက်တွင် ဗြိတိန်နိုင်ငံမှ ကွမ်တုံပြည်နယ်မြို့တော် ကွမ်ကျိုးသို့ ပြန်လည် ရောက်ရှိခဲ့ပြီး ချက်ချင်းဆိုသလိုပင် သီးခြားခွဲနေထိုင်မှု(quarantine) ပြုလုပ်ခဲ့သည်။ သူသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုခံယူခဲ့ရာ၌ လက္ခဏာပြင်းထန်ခြင်းမရှိသော COVID-19 ရောဂါကူးစက်ခံထားရသည်ကို ဒီဇင်ဘာ ၁၈ ရက်တွင် အတည်ပြုခဲ့သည်။

ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်သော မျိုးဗီဇ ဓာတ်ခွဲစစ်ဆေးမှု အရ အဆိုပါ လူနာကူးစက်ခံထားရသည့််ဗိုင်းရပ်စ်မှာ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် B.1.1.7 ဖြစ်နေပြီး မကြာသေးခင်က ဗြိတိန်နိုင်ငံမှ ထုတ်ပြန်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇနှင့် တူညီနေသည်ကိုတွေ့ရှိခဲ့ရသည်။ ယင်းအား ဇန်နဝါရီ ၂ ရက်က ပိုမိုထိရောက်သည့် မျိုးဗီဇဓာတ်ခွဲစစ်ဆေးမှုတစ်ခုဖြင့် ဒုတိယအကြိမ် ထပ်မံ စစ်ဆေးခဲ့ပြီးနောက်တွင် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်အဖြစ် အတည်ပြုခဲ့ခြင်းဖြစ်သည်။

B.1.1.7 ကိုရိုနာဗိုင်းရပ်စ်သည် ကူးစက်မှုအလွန်လျင်မြန်သည့် အစွမ်းသတ္တိရှိကြောင်း ၊ သို့သော်လည်း ၎င်း၏ သွင်ပြင်လက္ခဏာ ၊ သေနှုန်း နှင့် ရောဂါပြင်းထန်မှု အန္တရာယ်သည် အခြေခံအားဖြင့် အတူတူပင်ဖြစ်ကြောင်း စင်တာ၏ ပြောကြားချက်အရ သိရသည်။ လက်ရှိ ထုတ်လုပ်ထားပြီးသော ကိုဗစ်ကာကွယ်ဆေးများသည် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရာတွင် ထိရောက်မှု ရှိကြောင်းလည်း သိရသည်။အဆိုပါ လူနာဆေးရုံမှ ဆင်းခွင့်ရပြီးနောက်တွင် ၎င်းအား ဆေးဘက်ဆိုင်ရာ စူးစမ်းလေ့လာမှုအောက်တွင် ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————————-
(English Version)

Imported coronavirus variant case reported in Guangdong

GUANGZHOU, Jan. 3 (Xinhua) — An imported coronavirus variant case has been detected in south China’s Guangdong Province, the provincial center for disease control and prevention said on Sunday.

The individual is an 18-year-old Chinese national who studies in Britain. He arrived in the provincial capital Guangzhou from Britain on Dec. 4 and was quarantined immediately. He tested positive for the novel coronavirus and was diagnosed as a confirmed mild COVID-19 case on Dec. 18.

Gene sequencing analysis on Dec. 27 showed the patient had the coronavirus variant B.1.1.7, which highly resembles the strain recently reported in Britain. The variant was confirmed following a high-throughput sequencing double-check on Jan. 2.

According to the center, the B.1.1.7 coronavirus variant has a stronger transmission capacity but its symptoms, fatality rate and the risk of severe cases are basically the same. The vaccines that have been developed are also effective against the new strain.

The individual is under further medical observation after being discharged from hospital. Photo caption -A woman receives an injection of the COVID-19 vaccine at a healthcare center in Shenzhen, south China’s Guangdong Province, Dec. 30, 2020. (Xinhua/Liang Xu)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.