Connect with us

ASEAN

ကပ်ရောဂါအခြေအနေ ဆိုးဝါးလာမှုကြောင့် မြို့တော်တိုကျိုတစ်ဝိုက်တွင် အရေးအပေါ်အခြေအနေဆောင်ရွက်ရန် ဂျပန်အစိုးရ စဉ်းစားနေ

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်သစ် ယိုရှီဟီဒဲဆူဂါ (Yoshihide Suga)အား တိုကျိုမြို့တွင် ဂျပန်နိုင်ငံ၀န်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်ကို ၂၀၂၀ စက်တင်ဘာ ၁၆ရက်က တွေ့ရစဉ် (Xinhua / Du Xiaoyi)

တိုကျို၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

COVID-19ကပ်ရောဂါ ဆိုးဝါးလာမှုအခြေအနေကို ဟန့်တားရန် မြို့တော် တိုကျိုနှင့်အနီးတစ်ဝိုက်ဒေသများကို အရေးပေါ်အခြေအနေအဖြစ် ထပ်မံဆောင်ရွက်ရန် အစိုးရက စဉ်းစားနေကြောင်း ဂျပန်နိုင်ငံဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါက ဇန်နဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။

တိုကျိုနှင့် Saitama၊ Chiba၊ Kanagawa စီရင်စု ၃ ခုတွင် အသစ်ထပ်တိုး လူနာ ဦးရေသည် အလွန်မြင့်မားသည့် အဆင့်တွင်ရှိနေခြင်းကြောင့် ပို၍တင်းကျပ်သည့်လုပ်ဆောင်မှုများ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ယိုရှီဟီဒဲ ဆူဂါက နှစ်သစ်၏ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ချက်များကို ကန့်သတ်မှုနှင့် ထိရောက်မှုရှိသည့် နည်းလမ်းများ ကျင့်သုံးရန်လျာထားပြီးဖြစ်ရာ သက်ဆိုင်ရာ ဥပဒေများကို ပြင်ဆင်ရန် လွှတ်တော်တွင် အဖြေရှာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရောဂါကာကွယ်ရေးနည်းလမ်းများကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် ကုန်သည်လုပ်ငန်းရှင်များအတွက် ဆုပေးဒဏ်ပေးစနစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နှာခေါင်းစည်းတပ်သွားလာနေသူများအား ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ်  (Xinhua / Du Xiaoyi)

ဂျပန်နိုင်ငံတွင် ဇန်နဝါရီ ၃ ရက်က ထပ်တိုးအတည်ပြုလူနာ (၃,၁၅၈) ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ (၂၄၅,၀၀၀)ကျော် ရှိရာ ဂျပန်အစိုးရအနေဖြင့် ယခုအပတ်တွင် တိုကျိုနှင့် အနီးတစ်ဝိုက်ဒေသများကို အရေးပေါ်အခြေအနေကျင့်သုံးနိုင်ကြောင်း NHKသတင်းတွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့တံတားတစ်ခုပေါ်တွင် နှာခေါင်းစည်းတပ်သွားလာနေသော အမျိုးသမီးတစ်ဦးအား ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ် (Xinhua / Du Xiaoyi)

လက်ရှိ ဂျပန်နိုင်ငံတွင် ကိုဗစ် တတိယလှိုင်းနှင့်ကြုံတွေ့နေရရာ တစ်ရက်အတွင်းထပ်တိုးလူနာဦးရေ ဆက်တိုက်ဆိုသလို စံချိန်တင်မြင့်တက်လျက်ရှိပြီး တိုကျို၏ ကပ်ရောဂါအခြေအနေသည် အဆိုးဝါးဆုံးဖြစ်ကြောင်း သိရသည်။၂၀၂၀ ပြည့်နှစ် ဧပြီလဆန်းပိုင်းတွင် ထိုစဉ်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် တိုကျိုမြို့နှင့်Osakaစသည့် ဒေသများကို အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။ ထို့နောက် အရေးပေါ်အခြေအနေကို တစ်နိုင်ငံလုံးတွင် လုပ်ဆောင်ခဲ့ရာ မတ်လကုန်ပိုင်းတွင် အားလုံးကို ပြန်လည်ဖြေလျှော့ပေးခဲ့သည်။

ယိုရှီဟီဒဲ ဆူဂါသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင် ဂျပန်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း ကပ်ရောဂါအခြေအနေ ဆိုးဝါးမှုကို ကြုံတွေ့ရာ အရေးပေါ်အခြေအနေကျင့်သုံးရန် ယာယီမလိုအပ်သေးကြောင်း အစဉ်အမြဲပြောကြားခဲ့သည်။ အရေးပေါ်အခြေအနေ၏ စီးပွားရေးအပေါ်သက်ရောက်မှုကို ယိုရှီဟီဒဲ ဆူဂါ များစွာ ထည့်သွင်းစဉ်းစားခြင်းကြောင့် ဖြစ်ကြောင်း ဂျပန်မီဒီယာများက သုံးသပ်ကြသည်။

ယခုလ ၂ ရက်က တိုကျိုမြို့အုပ်ချုပ်ရေးမှူး၊ Chiba၊ Kanagawa ၊Saitamaစီရင်စုများမှ အုပ်ချုပ်ရေးမှူးများနှင့် ဂျပန်စီးပွားရေးပြန်လည်နိုးထရေးဆိုင်ရာ ဝန်ကြီး Yasutoshi Nishimuraတွေ့ဆုံဆွေးနွေးသည့်အခါတွင် ဗဟိုအစိုးရအနေဖြင့် ကပ်ရောဂါ အရေးပေါ်အခြေအနေ ထပ်မံကြေညာရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ၏ သက်ဆိုင်ရာဥပဒေအရ အရေးပေါ်အခြေအနေ ကြေညာချက်တွင် ဒေသနေပြည်သူများ အပြင်သို့ ထွက်ခြင်း၊ စူပါမားကတ်၊ ဘဏ်၊ ဆေးရုံစသည့် အခြေခံလူမှုလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ကြောင်း သိရသည်။ သို့သော် အရေးပေါ်အခြေအနေကြေညာချက်ထုတ်ပြန်ပြီးနောက် ဒေသခံအစိုးရမှ ဒေသ၏ရောဂါအခြေအနေအရ ဒေသခံများ အပြင်ထွက်ခွာခြင်းကို တားဆီးခြင်း သို့မဟုတ် စာသင်ကျောင်းများ ရပ်နားခြင်း ၊ အပန်းဖြေနေရာများ ပိတ်ထားခြင်းများ လုပ်ဆောင်နိုင်ကြောင်း သိရသည်။

ဖေဖော်ဝါရီလလယ်ပိုင်းမှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံမှုများကို အရှိန်အဟုန်ဖြင့် တွန်းအားပေး လုပ်ဆောင်သွားမည်ဖြစ်ပြီး ဆေးဝန်ထမ်းများ၊ အသက်အရွယ်ကြီးရင့်သူများ၊ သက်ကြီးစောင့်ရှောက်မှုဂေဟာတွင် အလုပ်လုပ်ကိုင်နေသူများကို ဦးစားပေးအနေဖြင့် ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း ယိုရှီဟီဒဲ ဆူဂါက ဇန်နဝါရီ ၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။“ကာကွယ်ဆေးထိုးနှံမှုကို ကျွန်တော်ဦးဆောင်ခံယူသွားမှာပါ” ၎င်းက ဆိုသည်။ (Xinhua)

#Japan, #Emergency, #Tokyo Area, #PM, #Press conference, #COVID-19, #Xinhua, #ဂျပန်, #အရေးပေါ်အခြေအနေ, #တိုကျို, #ကိုဗစ်, #ဆင်ဟွာ

———————————————————
(Chinese Version)
疫情持续恶化 日本政府考虑在首都圈实行紧急状态

来源:新华网
日本首相菅义伟4日说,政府正考虑在首都东京以及周边地区再次实行紧急状态,以遏制新冠疫情恶化势头。
菅义伟在新年首场记者会上说,东京都及周边埼玉、千叶、神奈川三县新增病例维持在“非常高”的程度,因而“有必要发出更强烈信息”。
他说,拟实施的紧急状态将采取“有限、有针对性”的措施,并将寻求国会修改相关法律,针对商家制定奖惩制度,以有效落实防疫措施。
 日本广播协会电视台报道,全国3日新增确诊病例3158例,累计确诊超24.5万例,政府或于本周在东京和周边地区实行紧急状态。
日本目前处于第三波疫情,单日新增病例屡创新高,东京都疫情最重。
2020年4月初,时任首相安倍晋三针对东京都和大阪府等地疫情发布“紧急事态宣言”。之后,紧急状态扩至全国,5月下旬全部解除。
  菅义伟2020年9月出任首相后,面对疫情恶化事态,一直表示暂时不必实行紧急状态。日本媒体分析,紧急状态对经济的影响是菅义伟一大顾虑。
  本月2日,东京都、神奈川县、埼玉县和千叶县知事与日本经济再生担当大臣西村康稔会晤,敦促中央政府针对疫情再次发布“紧急事态宣言”。
  根据日本相关法律,“紧急事态宣言”本身并不限制居民外出,超市、银行、医院等基本生活设施也将正常运营。但是“紧急事态宣言”发布后,地方政府可根据当地疫情形势,要求居民停止外出或学校停课,要求休闲娱乐场所停业。
  在4日举行的记者会上,菅义伟说,政府将全力推动2月下旬开始在全国范围内接种新冠疫苗,医务人员、高龄人群和养老设施工作人员将优先接种。
  “我将率先接种。”他说。(惠晓霜)(新华社专特稿)
Photo1- Yoshihide Suga (C), the new leader of the Liberal Democratic Party, stands after being elected as Japan’s new prime minister in Tokyo, Japan, Sept. 16, 2020. (Xinhua/Du Xiaoyi)

Photo2- Pedestrians wearing face masks are seen on a road in Tokyo, Japan, Dec. 31, 2020. (Xinhua/Du Xiaoyi)
Photo3- A woman wearing a face mask walks across a bridge in Tokyo, Japan, Dec. 31, 2020. (Xinhua/Du Xiaoyi)