Connect with us

CHINA

ထျန်းကျင်းမြို့ရှိ ရေခဲမုန့်ထုတ်လုပ်သည့် စက်ရုံတွင် ပြည်ပမှတင်သွင်းသည့် ကုန်ကြမ်း၌ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိ

ဇန်နဝါရီ ၁၅ ရက်တွင် ရိုက်ကူးခဲ့သည့် ထျန်းကျင်းမြို့ ကျင်းနန်းဒေသရှိ ထျန်းကျင်းမြို့ တာချောင်တောက် စားသောက်ကုန်ထုတ်လုပ်ရေးကုမ္ပဏီအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ထျန်းကျင်းမြို့ ကာကွယ်ထိန်းချုပ်မှုညွှန်ကြားရေးဌာန၏ ပြောကြားချက်အရ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန အနေဖြင့် ထျန်းကျင်းမြို့ တာချောင်တောက် စားသောက်ကုန်ထုတ်လုပ်ရေး ကုမ္ပဏီ၏ ရေခဲမုန့်ထုတ်လုပ်ရန် ယူကရိန်းနိုင်ငံမှ တင်သွင်းလာသော Whey အမှုန့်အား စစ်ဆေးခဲ့ရာတွင် နမူနာ ၃ ခု ၌ COVID-19 ရောဂါပိုးအား စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ထျန်းကျင်းမြို့ ကျင်းနန်းဒေသ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန အနေဖြင့် ဇန်နဝါရီ ၁၄ ရက် ၌ ထျန်းကျင်းမြို့ တာချောင်တောက် စားသောက်ကုန်ထုတ်လုပ်ရေး ကုမ္ပဏီမှ စစ်ဆေးရန် ပို့ဆောင်လာသည့် ထုတ်လုပ်ထားသော ရေခဲမုန့် နမူနာအား စစ်ဆေးခဲ့ရာတွင် ရေခဲမုန့် နမူနာ ၃ ခု ၌ COVID-19 ရောဂါပိုးအား စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၊ ထို့နောက်တွင် ထျန်းကျင်းမြို့ ၌ ချက်ချင်း လူများသွားလာမှု စီမံခန့်ခွဲခြင်း ၊ ကပ်ရောဂါ နှင့် သက်ဆိုင်နေသော အစားအသောက်များ ၊ အစားအသောက် ကုန်ကြမ်းများ ၊ အစားအသောက် အထုပ်အပိုးများ ၊ စားသောက်ကုန်ထုတ်လုပ်မှု စက်ရုံရှိ စက်များနှင့် ပတ်ဝန်းကျင်မျက်နှာပြင်ရှိ နမူနာများကို စုဆောင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အလုံးစုံ ပိုးသတ်မှုများကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထျန်းကျင်းမြို့ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက ကျင်းနန်းဒေသရှိ ထုတ်လုပ်မှုစက်ရုံ၌ စုဆောင်းခဲ့သည့် နမူနာ ၇၄၀ ခုအား စစ်ဆေးခဲ့ရာတွင် ၎င်းတို့အနက် ရေခဲမုန့်ထုတ်လုပ်ရန် ယူကရိန်းနိုင်ငံမှ တင်သွင်းလာသည့် Whey အမှုန့် နမူနာ ၃ ခုတွင် COVID-19 ရောဂါပိုးအား စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်ရှိသော နမူနာများတွင် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်းမရှိကြောင်း ၊ တစ်ချိန်တည်းတွင် ထျန်းကျင်းမြို့ ဟဲပေဒေသ ဂိုဒေါင်တွင် သိမ်းဆည်းထားသော ချောကလက်အရသာ ရေခဲမုန့် တစ်မျိုး ၊ ထျန်းကျင်းမြို့ ရှီးချင်းဒေသ ဂိုဒေါင်တွင် သိမ်းဆည်းထားသော ချောကလက်အရသာ ရေခဲမုန့် တစ်မျိုး နှင့် တာရိုအရသာ ရေခဲမုန့်တစ်မျိုး တို့တွင် COVID-19 ရောဂါပိုးအား တွေ့ရှိခဲ့ပြီး အခြားဒေသများ၌ စစ်ဆေးခဲ့ရာတွင် ရောဂါပိုး မတွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

ထျန်းကျင်းမြို့အတွင်း စစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် ဟဲပေဒေသ နှင့် ရှီးချင်းဒေသတွင် တွေ့ရှိခဲ့သည့် ရေခဲမုန့် ၃ မျိုးနှင့် တစ်ချိန်တည်း ထုတ်လုပ်ခဲ့သည့် ရေခဲမုန့်များတွင်သာ COVID-19 ရောဂါပိုးအား စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်ရှိသော ရေခဲမုန့်များတွင် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

ထျန်းကျင်းမြို့ ကာကွယ်ထိန်းချုပ်မှုညွှန်ကြားရေးဌာန ပြောကြားချက်အရ ကပ်ရောဂါ နှင့် ပတ်သက်ဆက်နွယ်နေသည့် ရေခဲမုန့် အားလုံးပေါင်း ၆၅ ဖာ နှင့် ၃၉၀ ဘူး က ထျင်းကျင်းမြို့ ဈေးကွက် အတွင်းသို့ ရောက်ရှိသွားခဲ့ကြောင်း ၊ တရုတ်နိုင်ငံ အခြားပြည်နယ်များသို့ ရေခဲမုန့်အားလုံးပေါင်း ၁,၈၁၂ ဖာ ပို့ဆောင်ခဲ့ကြောင်း ၊ ယင်းပို့ဆောင်ခဲ့သည့် ရေခဲမုန့်များကို သက်ဆိုင်ရာ ညွှန်ကြားမှုဌာနများအား အကြောင်းကြားထားကြောင်း ၊ ထျန်းကျင်းမြို့ ဈေးကွက် အတွင်းသို့ ဝင်ရောက်သွားသည့် ကပ်ရောဂါ နှင့် ပတ်သက်ဆက်နွယ်မှုရှိသော ရေခဲမုန့်များအား ထျန်းကျင်းမြို့ ဒေသအသီးသီး ဈေးကွက် စီမံအုပ်ချုပ်မှု ဌာန နှင့် ဒေသတွင်းရှိ လုပ်ငန်းဆောင်ရွက်သူများနှင့် ပူးပေါင်း၍ ရောဂါပိုးတွေ့ရှိခဲ့သော ရေခဲမုန့် နှင့် အတူထုတ်လုပ်ခဲ့သော ရေခဲမုန့်များကို ပြန်လည် သိမ်းဆည်းခြင်း ၊ မှတ်တမ်းတင်ခြင်း ၊ သီးသန့်နေရာတွင် ထားရှိခြင်း ၊ ဘေးအန္တရာယ်မရှိအောင် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ရေခဲမုန့်၌ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိမှုနှင့် ပတ်သက်ဆက်နွယ်မှုရှိသူများကို သီးသန့်ခွဲခြားနေထိုင်စေခဲ့ကာ Nucleic acid စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် စစ်ဆေးခဲ့ပြီးဖြစ်သူများအားလုံးတွင် ရောဂါကူးစက်ခံရခြင်း မရှိကြောင်း သိရှိရသည်။ (Xinhua)

—————————————
(Chinese Version)
(聚焦疫情防控)天津涉疫雪糕进口原材料检出阳性
2021-01-16 00:01:55 分类: 社会
  新华社天津1月15日电(记者白佳丽、张建新)记者从天津市防控指挥部获悉,天津市疾控部门采集的天津市大桥道食品有限公司用于生产雪糕的乌克兰进口原料乳清粉3份样本,新冠病毒核酸检测呈阳性。
  14日,天津市津南区疾控部门在对天津市大桥道食品有限公司送检的雪糕样本进行新冠病毒核酸检测时,发现3份雪糕样本检测结果呈阳性。随后,天津立即开展人员流调管控和涉疫食品、食品原料、外包装、生产线物体表面和环境采样检测、终末消毒等处置工作。
  天津市疾控部门对天津市津南区生产车间现场采集的740份样本进行检测,其中在用于雪糕生产的乌克兰进口原料乳清粉3份样本中,新冠病毒核酸检测结果呈阳性,其他样本结果均为阴性。同时,在天津市河北区库存的1份巧克力口味雪糕和天津市西青区库存的1份巧克力口味雪糕、1份香芋口味雪糕样本核酸检测呈阳性,其他各区采样检测均为阴性。
  在天津全市排查中,另在河北区、西青区发现3份同批次的雪糕样本核酸检测阳性,其余均为阴性。
  据介绍,涉疫雪糕共65箱390盒流入了天津市市场,1812箱批发售往外省市(均已通报当地防疫指挥部)。针对流入天津市市场的涉疫雪糕,已由天津各区市场监管局等部门会同社区工作人员回收已售同批次雪糕,做好记录,专区封存,无害化处理。目前,排查出的人员均已被隔离并进行核酸检测,已出结果均为阴性。(完)

Photo
1月15日拍摄的位于天津市津南区双港镇的天津市大桥道食品有限公司。新华社记者 李然 摄