Connect with us

Asia

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်အနီး Nam Ngum ရေကန်တွင် ရွက်လှေတိမ်းမှောက်မှုဖြစ်ပွားရာ လူ ၈ ဦးသေဆုံး

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့အနီးရှိ Nam Ngum ရေကန်ကြီးတွင် ရွက်လှေ တစ်စင်း တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း၊ဧပြီ ၅ ရက်(ဆင်ဟွာ)

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်အနီးရှိ Nam Ngum ရေကန်ကြီးတွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရွက်လှေတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားရာ လူ ၈ ဦးသေဆုံးသွားကြောင်း လာအိုနိုင်ငံပိုင် KPK သတင်းဌာနက ဖော်ပြခဲ့သည်။

မြို့တော်အနီးတစ်ဝိုက်တွင် လေပြင်းတိုက်ခတ်ခြင်း ၊ မိုးကြိုးပစ်ခြင်း နှင့် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပေါ်နေစဉ် လူပေါင်း ၃၉ ဦး တင်ဆောင်လာသော အဆိုပါ ရွက်လှေကြီးသည် ဧပြီ ၄ ရက် ဒေသစံတော် နံနက် ၉ နာရီ ( ဂရင်းနစ်စံတော်ချိန် ၀၂၀၀ နာရီ) တွင် ရုတ်တရက် မုန်တိုင်းဒဏ်ခံရပြီး တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့အနီးရှိ Nam Ngum ရေကန်ကြီးတွင် ရွက်လှေ တစ်စင်း တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

Nam Ngum ရေကန်ကြီးသည် ဗီယင်ကျန်းမြို့တော်မှ မြောက်ဘက် ကီလိုမီတာ ၆၀ အကွာတွင်တည်ရှိပြီး မြို့ခံများ အားလပ်ရက်တွင် လာရောက်အပန်းဖြေအနားယူသော ထင်ရှားသည့် နေရာတစ်ခုဖြစ်သည်။
အဆိုပါ လှေကြီးသည် လေပြင်းတိုက်ခတ်မှုကြောင့် ကမ်းခြေမှ မီတာ ၄၀ အကွာတွင် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း ဗီယင်ကျန်းပြည်နယ်အုပ်ချုပ်ရေးမှူး Khamphan Sithidampha ၏ ပြောကြားချက်ကို ကိုးကား၍ KPL သတင်းက ဆိုသည်။ အခင်းဖြစ်ပွားပြီးနောက် ချက်ချင်းဆိုသလိုပင် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့အနီးရှိ Nam Ngum ရေကန်ကြီးတွင် ရွက်လှေ တစ်စင်း တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့အနီးရှိ Nam Ngum ရေကန်ကြီးတွင် ရွက်လှေ တစ်စင်း တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)
ယင်းနေ့ ညနေ ၄ နာရီခွဲတွင် သေဆုံး ရုပ်အလောင်း ၈ လောင်းနှင့်အတူ အသက်ရှင်ကျန်ရစ်သူ စုစုပေါင်း ၃၁ ဦးကို ပြန်လည် ရှာဖွေ ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့အား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။(Xinhua)
——————————————
(English Version)
8 dead in yacht capsize in lake near Lao capital

VIENTIANE, April 5 (Xinhua) — A yacht capsized in Nam Ngum Lake near the Lao capital Vientiane Sunday morning, causing eight deaths, the state-run Lao News Agency (KPL) reported.

The yacht, carrying 39 people on board overturned at around 9:00 a.m. local time (0200 GMT) on Sunday when caught by a sudden storm hitting the capital area with strong wind, thunder and fairly heavy rain.

Nam Ngum Lake, some 60 km north of Vientiane, is a weekend outing destination for Vientiane residents.

KPL report quoted Khamphan Sithidampha, the governor of Vientiane province, as saying that the boat sank about 40 meters off the shore due to the strong wind. Search and rescue operations were carried out immediately after the incident occurred.By 16:30 local time (0930 GMT), a total of 31 survivors had been rescued and taken to the hospital, with eight bodies recovered.

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.