Videos
ပုဂံဒေသရှိ သတ်မှတ်ထားသော ဘုရားစေတီငါးဆူမှအပ တက်ရောက်ခွင့် မပြုကြောင်း ပြင်ဆင်မှုသတင်း ထုတ်ပြန်
ရန်ကုန်၊ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
ယဉ်ကျေးမှုဝန်ကြီးဌာန၏ Facebook တွင် ၂ဝ၁၆ ခုနှစ် မတ်လ ၁ ရက်နေ့ မှ စ၍ ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသရှိ ဘုရားပုထိုး၊ စေတီ၊ ပစ္စယံများပေါ်သို့ တက်ရောက်ခွင့် မပြု ကြောင်း ဖော်ပြချက်ပါသတင်းကို ပြန်လည်ရုပ်သိမ်းလျက် သတ်မှတ်ထားသော ဘုရားစေတီငါးဆူမှအပ တက်ရောက်ခွင့် မပြုကြောင်း ဟု ဖြည့်စွက်၍ ယခုသတင်းဖြင့်ပြင်ဆင် အစားထိုးဖော်ပြအပ်ပါသည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဖေဖော်ဝါရီလ ၂၄ရက်တွင် သတင်းထုတ်ပြန်သည်။
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ဘုရား၊ ပုထိုး၊ စေတီ၊ အုတ်ကျောင်း စသည့် ရှေးဟောင်း အဆောက်အဦများ (၃၀၀၀)ကျော်ရှိပြီး မြန်မာနိုင်ငံသား များ အားလုံး နှင့် သက်ဆိုင်နေသည့် ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုဖြစ်ကြောင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာနသည် ခရီးသွားကုမ္ပဏီများနှင့် ဧည့်လမ်းညွှန်များ၏ ပန်ကြားချက် များအရပုဂံဒေသရှိ ရှေးဟောင်း အဆောက်အအုံများအနက် နေဝင်ချိန်မြင်ကွင်း ကောင်းမွန် သည့် ရွှေဆံတော်၊ ပြဿဒ်ကြီး၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ သစ္စာဝတီဟူသည့် ဘုရား(၅)ဆူ၏ ပစ္စယံများပေါ်သို့ ပြည်တွင်းပြည်ပဧည့်သည်များကို တက်ရောက်ရန်အတွက် ခွင့်ပြုပေး ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
UNESCO (ယူနက်စကို) နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှေးဟောင်းသုတေသနဌာနတို့ အကြား Heritage Impact Assessment (HIA) အလုပ်ရုံဆွေးနွေးပွဲတွင် ဘုရားစေတီများပေါ်သို့ လူများတက်ရောက်ခြင်းကိုထိန်းသိမ်း ရန် လိုအပ်ကြောင်း ကောက်နှုတ်ချက်အဖြစ် ဆွေးနွေးဖော်ပြခဲ့သည့် အတွက် (၁-၃-၂ဝ၁၆)ရက်နေ့မှ စ၍ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရားပုထိုး၊ စေတီ၊ ပစ္စယံများပေါ်သို့ တက်ရောက်ခွင့် မပြု ကြောင်းဆိုသည့် ထုတ်ပြန်ချက်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ယခု၎င်းထုတ်ပြန်ချက်အား ပြန်လည်ပြင်ဆင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)