Videos
အီဂျစ် ဘုရားကျောင်း အတွင်းဝင်ရောက်နေကျနေရောင်ခြည်ကိုလာရောက်ကြည့်ရှုသူများပြား
အက်စ်ဝမ်၊ ဖေဖော်ဝါရီလ ၂၂ ရက် (ဆင်ဟွာ)
အီဂျစ်လူမျိုးများအပါအဝင် ခရီးသည်ပေါင်း ၄ထောင်ကျော် တို့သည် ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် အီဂျစ်နိုင်ငံ အက်စ်ဝမ် ရှိ အဘူဆင်ဘယ်ဘုရားကျောင်းအတွင်းသို့ နေရောင်ခြည်တောက်ပစွာ ကျရောက်ခြင်းကို လာရောက်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ဘုရားကျောင်းအတွင်းနေရောင် တိုက်ရိုက်ကျရောက်ခြင်းသည် တစ်နှစ်တွင် နှစ်ကြိမ်သာ ဖြစ်ပြီး ထိုသို့ နေရောင် ကျရောက် ခဲ့သည်မှာ နှစ်ပေါင်း ၃၂ဝဝ ကျော်ရှိခဲ့ပြီဖြစ်သည်။
ယခုနှစ်တွင် နေရောင်ကျရောက်ခြင်းကို ကြည့်ရှုရန်အတွက် လူပေါင်းများစွာစောင့်စားခဲ့ကြသော်လည်း တိမ်များထူထပ်စွာကျရောက်နေသောကြောင့် ဘုရားကျောင်းအတွင်းနေရောင်ကျရောက်မှုမရှိခဲ့ပေ။ ထိုသို့ဖြစ်ပွားခြင်းမှာ ဆယ်စုနှစ် တစ်ခုအတွင်း အလွန်ရှားပါးသောဖြစ်ရပ်တစ်ခုဖြစ်ကြောင်းဒေသခံများက ပြောဆိုခဲ့ကြကြောင်းသိရသည်။ (Xinhua)