Connect with us

Politics, Law & Military

အစိုးရသစ်၏ ပြည်ထောင်စု အဆင့် ရာထူး နေရာများ၌ NLD ကိုယ်စားလှယ် ၃၀ မှ ၄၀ ရာခိုင်နှုန်းသာ ပါဝင်မည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က မီဒီယာများအား ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၄ ရက် (ဆင်ဟွာ)

အစိုးရသစ်၏ ပြည်ထောင်စု အဆင့် ရာထူးများနေရာ၌ ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ကိုယ်စားလှယ် ၃၀ မှ ၄၀ ရာခိုင်နှုန်းသာ ပါဝင်မည် ဖြစ်ကြောင်း ယနေ့ နေပြည်တော် စည်ပင်ရိပ်သာ၌ သတင်းသမားများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းမည့် လာမည့် အစိုးရသစ် လက်ထက်၌ ဝန်ကြီးဌာန အရေအတွက် ၂၁ မှ ၂၂ ဌာနသာ ထားရှိမည် ဖြစ်ကြောင်း၊ လက်ရှိ တာဝန် ထမ်းဆောင်နေသော ဝန်ကြီးဌာနမှ ဝန်ထမ်းများ အနေဖြင့် စိတ်ပူစရာ မလိုဘဲ ဌာနများ အပြောင်းအလဲ လုပ်ပေးကာ လိုအပ်သည့် သင်တန်းများကို တက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ အစိုးရလက်ထက်၌ သမ္မတရုံး ဝန်ကြီးဌာန ၆ ခု အပါအဝင် အစိုးရဝန်ကြီးဌာန ၃၆ ဌာနရှိသည်။သမ္မတရုံး ဝန်ကြီးဌာန ၆ ခုကို ဝန်ကြီးဌာန တစ်ခုထဲသာ ထားရှိမည် ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.