Connect with us

Videos

မြန်မာနိုင်ငံရှိ စိန်ခေါ်မှု များစွာကို အခွင့်အလမ်းအဖြစ်ပြောင်းလဲရန်လိုအပ်ဟုဒေါ်အောင်ဆန်းစုကြည်ဆို

နေပြည်တော်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြား သံတမန်များ ပထမအကြိမ် နေပြည်တော်၌ တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် စိန်ခေါ်မှုများစွာရှိပြီး ယင်းစိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲရန် လိုအပ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။

ပြည်တွင်း အခြေစိုက် သံရုံး ၄၆ ရုံး ၊ ပြည်ပသံရုံး ၁၇ ရုံးမှ သံတမန်များနှင့် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးမှုသည် တစ်နာရီကျော် ကြာမြင့်ခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲ၌ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ တိုင်းပြည်၏ အပြောင်းအလဲ အခြေအနေများနှင့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒကို ရှင်းလင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရပြီး စဉ်ကစ၍ လွတ်လပ်ပြီး တက်ကြွသော နိုင်ငံခြားရေး မူဝါဒ ရှိခဲ့ပြီး လက်ရှိ အိမ်နီး နားချင်းများသာမက ကမ္ဘာ တစ်ဝန်းရှိ အခြားနိုင်ငံများနှင့်ပါ ခင်မင် ရင်းနှီးလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရခဲ့သည့် အချိန်ကစ၍ ဘက်မလိုက် ကြားနေနိုင်ငံ အဖြစ် ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနှင့် တောင်အာရှ ဆုံမှတ်မှာ တည်ရှိသောကြောင့် ပထဝီ နိုင်ငံရေးအရ အချက်အခြာ ကျသလို တပြိုင်နက်တွင် စိန်ခေါ်မှုများလည်း များကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံကို အင်အားကြီးမားသည့် နိုင်ငံဖြစ်အောင် တည်ဆောက်မှာဖြစ်ပြီး အင်အားကြီး နိုင်ငံဖြစ်ရန် မြန်မာနိုင်ငံသားများကို အခြေပြုအားထားသွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.