Videos
ကမ္ဘာ့ ပထမဆုံး ဘုန်းတော်ကြီးစက်ရုပ်
ပေကျင်း၊ မေ ၈ ရက် (ဆင်ဟွာ)
ကာတွန်းရုပ်သဏ္ဍာန် ဘုန်းတော်ကြီးစက်ရုပ်ကိုပေကျင်းမြို့ ၏ ဆင်ခြေဖုံးရပ်ကွက် ရှိ လုံးချွမ်ဘုန်းတော်ကြီးကျောင်းတွင် မြင်တွေ့ရမည်ဖြစ်သည်။
အဆိုပါ ဘုန်းတော်ကြီးစက်ရုပ်မှ ဂါထာ များကို ရွတ်ဆိုနိုင်သည့်အပြင် ဗုဒ္ဓဘာသာဆိုင်ရာ အမေးအဖြေ အချို့ကို ပါ ဖြေကြားနိုင်သည်။
ထိုစက်ရုပ်ကို မနှစ်က တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး တရုတ် လူမှု မီဒီယာများတွင် ပျံ့နှံ့ခဲ့ကာ လူအများ၏ စိတ်ဝင်စားခြင်းခံရသည်။
ဘုန်းတော်ကြီးရှန်ဖန်မှ အဆိုပါ စက်ရုပ်ကို ဒီဇိုင်းထွင်ဖန်တီးထုတ်လုပ်ခဲ့ပြီး ဗုဒ္ဓတရားတော်များပျံ့ပွားစေရန် ရည်ရွယ်သည်။
ဘုန်းတော်ကြီးရှန်ဖန်၊ လုံးချွမ်ဘုန်းတော်ကြီး“ဗုဒ္ဓဘာသာဆိုတာ ရှေးကျတဲ့ ရိုးရာယဉ်ကျေးမှုပါပဲ။ ဒါပေမယ့် ဗုဒ္ဓဘာသာလူမျိုးများဟာ ခေတ်သစ် ကမ္ဘာမှာနေထိုင်ကြပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာ ကိုးကွယ်သူများအနေနဲ့ ခေတ်မီနည်းပညာတွေကို အသုံးပြုပြီး ဗုဒ္ဓဘာသာ တိုးတက်အောင်ဆောင်ရွက်ရပါမယ်။”
၂ပေခန့် အမြင့်ရှိသည့် အဆိုပါ ဘုန်းတော်ကြီးစက်ရုပ်ကို နည်းပညာကုမ္ပဏီတစ်ခုနှင့် ဘုန်းတော်ကြီးများက ဝိုင်းဝန်းတီထွင်ခဲ့ပြီး တရုတ်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များမှ အသိဉာဏ်တု ကျွမ်းကျင်သူများက ကူညီပေးခဲ့ကြောင်းသိရသည်။ (Xinhua)