Connect with us

Videos

ပိုးလမ်းမကြီး တစ်လျှောက်တွင် ပျံသန်းတော့မည့် စက်မဲ့လေယာဉ်တပ်ဆင်

ပေကျင်း၊ မေ ၈ ရက် (ဆင်ဟွာ)

ဂျာမဏီနိုင်ငံမှ တင်သွင်းသည့် Schempp-Hirth Arcus စက်မဲ့လေယာဉ်ကို တရုတ်နိုင်ငံပေကျင်းတွင် မေလ ၆ ရက်နေ့က အောင်မြင်စွာတပ်ဆင်နိုင်ခဲ့သည်။ အဆိုပါ စက်မဲ့လေယာဉ် သည် တရုတ်နိုင်ငံ သို့ ပထမဆုံးအကြိမ်ရောက်ရှိသည့် ထိုအမျိုးအစားစက်မဲ့လေယာဉ်ဖြစ်သည်ဟုသိရသည်။

အဆိုပါ လေယာဉ်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကန်းစုပြည်နယ်မှ အာရှတိုက်တခွင်သို့ ယခုလကုန် သို့မဟုတ် နောက်လဆန်းပိုင်းတွင် စတင်ပျံသန်းမည်ဖြစ်သည်။

၎င်းစက်မဲ့လေယာဉ်သည် ပိုးလမ်းမကြီးတစ်လျှောက် ကီလိုမီတာ ၇ဝဝ ခန့်အထိ ပျံသန်း နိုင်ရန်ခန့်မှန်းထားပြီး ဥရောပတိုက်နှင့် အာရှတိုက်တို့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလုပ်ငန်းများတိုးမြှင့်ရန် ရည်ရွယ်သည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.