Connect with us

Videos

၂ဝ၁၇ ခုနှစ်အရောက်တွင် စက်ရုပ်မှ စာမေးပွဲဝင်ဖြေတော့မည်

Normal 0 false false false EN-US ZH-CN X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:””; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:10.0pt; mso-para-margin-left:0cm; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi; mso-fareast-language:EN-US;}

ချန်ဒူး၊ မေ ၈ ရက် (ဆင်ဟွာ)

အသိဉာဏ်တု AI နည်းပညာသုံးစက်ရုပ်သည် ၂ဝ၁၇ ခုနှစ်အရောက်တွင် ဒေသကောလိပ်ဝင်ခွင့်စာမေးပွဲ သင်္ချာဘာသာရပ် ၌ အောင်မြင်စွာဖြေဆိုနိုင်တော့မည်ဟု နည်းပညာကုမ္ပဏီတစ်ခုက မေလ ၅ ရက်နေ့က သတင်းထုတ်ပြန်သည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဋ္ဌာန ၏ အစီအစဉ်ဖြင့် အဆိုပါ အသိဉာဏ်တုစက်ရုပ်ကို ချန်ဒူး Zhun Xing Yun Xue Technology Co., Ltd က ထုတ်လုပ်ထားသည်။

အဆိုပါ အစီအစဉ်အရ စက်ရုပ်သည် ၂ဝ၁၇ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ကျင်းပမည့် သင်္ချာဘာသာရပ် ကောလိပ်ဝင်ခွင့်စာမေးပွဲကို တရုတ်ကျောင်းသားသန်းပေါင်းများစွာနှင့်အတူ ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။ လူသားများနည်းတူ အမှတ် ၁၅ဝ ဖိုး သင်္ချာဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်ပြီး အချိန် ၂ နာရီတိတိ စာမေးပွဲခန်းတွင်ထိုင်ကာ အင်တာနက်အသုံးပြုခွင့်လည်းပေးမည်မဟုတ်ဟုသိရသည်။

အဆိုပါ စက်ရုပ် ကို ၂ဝ၁၅ ခုနှစ်ကတည်းကစတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်များ က ယုံကြည်ချက်အပြည့်ဖြင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

“ သာမာန်လူတစ်ယောက်ဟာ တနေ့ကို သင်္ချာပုစ္ဆာပေါင်း ၁ဝဝ ခန့်ကို ဖြေရှင်းနိုင်ပေမယ့် အသိဉာဏ်တု နည်းပညာ သုံးစက်ရုပ်ကတော့ သင်္ချာပုစ္ဆာပေါင်း ၁ဝဝဝဝ ကို ဖြေရှင်းနိုင်ပါတယ်။ စက်ရုပ်ဟာ လေ့လာခြင်းနှင့် အဖြေရှာခြင်းတို့ကိုလည်းကောင်းကောင်းလုပ်နိုင်ပါတယ်။” ဟု ကုမ္ပဏီ CEO ဖြစ်သူက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.