Connect with us

Videos

အာရှတိုက်တွင် အကြီးဆုံးရေတံခွန်ဆယ်စုနှစ်အတွင်းရေပမာဏအများဆုံးစီးဆင်းမှုဖြစ်ပွား

ကွေ့ကျိုး၊မေ ၁၂ ရက် (ဆင်ဟွာ)
အာရှတိုက်တွင် အကြီးဆုံးရေတံခွန်တစ်ခုဖြစ်သည့် ဟွမ်ဟွာရှူး ရေတံခွန်သည် နှစ်ပေါင်း ၁ဝ နှစ်အတွင်း ပမာဏအများဆုံးရေစီးဆင်းမှုဖြစ်ပွားခဲ့သည်။ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းရာ ရေပမာဏအများအပြားဝင်ရောက် စီးဆင်းလာခြင်းဖြစ်သည်။ ၁စက္ကန့်ကို ၈၈ ကုဗမီတာ ရေထုဖြင့်စီးဆင်း ခြင်း ဖြစ်ပြီး ၁ဝ စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးရေ စီးဆင်းမှုဖြစ်သည်။ ထိုသို့ဖြစ်ခြင်းမှာ လွန်ခဲ့သည့် ၂ပတ်အတွင်း ရာသီဥတုပြင်းထန်ခြင်းကြောင့်ဖြစ်သည်။ ရေတံခွန်မှာ ၇၇.၈ မီတာ အမြင့်ရှိပြီး ၁ မီတာခန့်အကျယ်ရှိသည့်အပြင် နိုင်ငံခြားသားခရီးသွားများလာရောက်လည်ပတ်လေ့ရှိသည့်နေရာ တစ်ခုဖြစ်သည်။ သတ်မှတ်ပေးထားသည့်နေရာတွင် ဧည့်သည်များ က ဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံး ကျဆင်းသည့်ရေတံခွန်ကို လေ့လာခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.