Connect with us

Politics, Law & Military

ပျောက်ဆုံးနေသော ကလေးငယ်များအား ရှာဖွေရန် မိုဘိုင်း application တစ်ခု တရုတ်ရဲတပ်ဖွဲ့ ကြေညာ

တရုတ် ကလေးငယ် တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)

လူကုန်ကူးခံရခြင်း သို့မဟုတ် ပျောက်ဆုံးနေသည့် ကလေးငယ်များ မည်သည့်နေရာတွင် ရှိနေကြောင်း သတင်း ပေးရာတွင် မျက်မြင် သက်သေများအတွက် အထောက်အပံ့ ဖြစ်စေမည့် မိုဘိုင်း application တစ်ခု အား တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က မေလ ၁၅ ရက်၌ ကြေညာခဲ့သည်။

ယင်း application အား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲ ၅,၀၀၀ ဦးကျော်အား ထောက်ပံ့ပေးသွားမည် ဖြစ် ကြောင်း တရုတ်နိုင်ငံ ပြည်သူ့ လုံခြုံရေး ဝန်ကြီးဋ္ဌာန ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်း ဗျူရို၏ ထုတ်ပြန်ချက်အရ သိရသည်။
ပျောက်ဆုံးသွားသည့် ကလေးအနီးတွင် ရှိနေသည့် application သုံးစွဲသူ တစ်ဦးသည် ဓာတ်ပုံများနှင့် သရုပ်ဖော် ရေးသားချက်များ ပါဝင်သည့် Notification များအား လက်ခံရရှိမည် ဖြစ်သည်။
အဆိုပါ သတင်း အချက်အလက်များအား တရားဝင် Sina Weibo အကောင့် မှတဆင့် အများပြည်သူကလည်း ရရှိနိုင်မည် ဖြစ်သည်။
ထို့ပြင် ရဲတပ်ဖွဲ့အနေဖြင့် မီဒီယာများနှင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သလို လူကုန်ကူးမှု တိုက်ဖျက်ရာတွင် ပြည်သူများက မိုဘိုင်း application များ သုံးစွဲကာ ပါဝင် ကူညီနိုင်ရေးအား တွန်းအားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.