Connect with us

Videos

အာရှတိုက်တခွင်တွင် တရုတ်နိုင်ငံသည် ကိုယ်အင်္ဂါအစိတ်အပိုင်းအလှူတန်းဆုံးနိုင်ငံဖြစ်လာ

ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ယခုဆိုလျင် အာရှတိုက်တခွင်တွင် ကိုယ်အင်္ဂါအစိတ်အပိုင်းလှူတန်းမှုအများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ဒုတိယ လှူဒါန်းမှုအများဆုံးနိုင်ငံဖြစ်သည်။ နိုင်ငံ အတွင်း ကိုယ်ခန္ဓာ အစားထိုးခွဲစိတ်မှုပြုလုပ်နိုင်သည့် ဆေးရုံအရေအတွက် ပိုမိုများပြားလျက်ရှိသည်။ လက်ရှိတွင် ဆေးရုံပေါင်း ၁၆၉ ခု ၌ ကိုယ်အင်္ဂါအစိတ်အပိုင်းလွှဲပြောင်းသည့် ဋ္ဌာနများဖွင့်လှစ်ထားရှိပြီဖြစ်ပြီး လွန်ခဲ့သည့် ၅ နှစ်အတွင်း ထိုသို့ ကိုယ်အင်္ဂါအစိတ်အပိုင်းလွှဲပြောင်းနိုင်သည့် ဋ္ဌာနပေါင်း ၃ဝဝ အထိ တိုးတက်လာခဲ့သည်။ နိုင်ငံ၏ ကျန်းမာရေးဒုတိယဝန်ကြီးနှင့် အမျိုးသားကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုး လှူဒါန်းခြင်း ကော်မတီ တာဝန်ခံဖြစ်သူ ဟွမ်ကျဲဖူ က ဝူဟန်တွင်ပြုလုပ်သည့် forum တစ်ခုတွင်ပြောကြားချက်အရ ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းသည့်အလှူရှင်အရေအတွက်မှာ ၂ ဆခန့်တိုးလာကြောင်း၊ အလှူရှင်စုဆောင်းသူများ၏ တာဝန်မှာ အလှူရှင်၏ ဆွေမျိုးများ နှင့်အလှူရှင် ကို နှစ်သိမ့်ပေးခြင်းနှင့် အလှူခံမည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားပေးရခြင်းဖြစ်သည်။ သို့ရာတွင် နှစ်စဉ်လှူဒါန်းထားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများသည် လိုအပ်သူအားလုံးထံရောက်ရန်အတွက် ခက်ခဲလျက်ရှိသည်။ နှစ်စဉ် လူနာပေါင်း ၃ဝဝဝဝဝ သည် ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးခွဲစိတ်ရန်လိုအပ်လျက် ပြီး မနှစ်ကဆိုပါက အလှူရှင်ပေါင်း ၂၇၆၆ ဦးသာရှိခဲ့သည်။ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ ကတည်းက တရုတ်နိုင်ငံတွင် အကျဉ်းသားများထံမှ ကိုယ်အင်္ဂါအစိတ်အပိုင်းထုတ်ယူခြင်းကိုတားမြစ်သည့် ဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.