Asia
စင်ကာပူ က တရုတ်ခရီးသွားများ ပိုမို ဝင်ရောက်လာစေရန် Sentosa အပန်းဖြေ စခန်းအား Alipay ငွေပေးချေမှု လုပ်ငန်းဖြင့် ချိတ်ဆက်ဆောင်ရွက်
စင်ကာပူ၊ မေ ၂၃ ရက် (ဆင်ဟွာ)
စင်ကာပူနိုင်ငံ အပန်းဖြေကမ္ဘာ Sentosa (RWS) ရှိ နေရာပေါင်း ၁၁၀ တွင် တရုတ်ခရီးသွားများအနေဖြင့် Alipay မှ တစ်ဆင့် ငွေပေးချေနိုင်ပြီ ဖြစ်ကြောင်း RWS က မေလ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
RWS က ၎င်းတို့သည် တရုတ်နိုင်ငံတွင် အကြီးမားဆုံး မိုဘိုင်းဖုန်း ငွေပေးချေမှု လုပ်ငန်းကြီး ဖြစ်သော ယခင်က Alipay ဟု ခေါ်ဆိုခဲ့သည့် Ant ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု အုပ်စုနှင့် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ Alipay သည် စင်ကာပူနိုင်ငံတွင် လည်ပတ်မှု အများဆုံး နေရာများ ဖြစ်သည့် S.E.A ငါးပြတိုက် နှင့် Resort World ပြဇာတ်ရုံ တို့၏ တရားဝင် စီးပွားရေး မိတ်ဖက် ဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိတွင် တရုတ် ခရီးသွားများသည် တရုတ်နိုင်ငံမှ နေ၍ Sentosa အပန်းဖြေကမ္ဘာ ဝက်ဘ်ဆိုက်တွင် ဟော်တယ် အခန်းခများနှင့် အခြား စိတ်ဝင်စားဖွယ်ရာ နေရာများ၏ ဝင်ကြေး လက်မှတ်များကို Alipay အွန်လိုင်း ငွေပေးချေမှုဖြင့် ပေးချေ မှာယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်း ဆောင်ရွက်မှု အသစ်အရ Alipay အွန်လိုင်း ငွေပေးချေမှု နေရာများကို အပန်းဖြေကမ္ဘာ Sentosa ရှိ နေရာပေါင်း ၁၁၀ ကျော်တွင် ထားရှိထားပြီး ဖြစ်ကြောင်းနှင့် အပန်းဖြေကမ္ဘာရှိ အခြားဝန်ဆောင်မှု များတွင်လည်း တဖြည်းဖြည်း Alipay အွန်လိုင်း ငွေပေးချေမှု စနစ် အသုံးပြုလာနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
RWS နှင့် Alipay တို့သည် ပူးပေါင်း ဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ခရီးသွားလာမှု ပက်ကေ့ချ်များ (Packages) နှင့် ပရိုမိုးရှင်း ပေးမှုများကို Alipay အသုံးပြုများ အတွက် သီးသန့် ချိတ်ဆက် ဆောင်ရွက်ပေးမှုများ ပြုလုပ်ပေးတော့မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)