Connect with us

Asia

အမေရိကန်က ဗီယက်နမ်အပေါ် ချမှတ်ထားသည့် လက်နက် ကုန်သွယ်မှု ပိတ်ဆို့ထားခြင်းအား ရုပ်သိမ်းပေး

အမေရိကန်နိုင်ငံ သမ္မတ ဘားရက် အိုဘားမား နှင့် ဗီယက်နမ် နိုင်ငံ သမ္မတ Tran Dai Quangတို့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ မေ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဘားရက် အိုဘားမား က ဆယ်စုနှစ်များစွာ ဗီယက်နမ် အပေါ် ချမှတ်ထားသည့် လက်နက် ကုန်သွယ်မှု ပိတ်ဆို့ ထားခြင်းအား ရုပ်သိမ်းကြောင်း မေလ ၂၃ ရက်က ကြေညာခဲ့သည်။

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် ဗီယက်နမ်နိုင်ငံ သမ္မတ Tran Dai Quang နှင့် တွဲဖက် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ အိုဘားမားက ပိတ်ဆို့မှု ရုပ်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အိုဘားမားက အမေရိကန် နိုင်ငံသည် ဗီယက်နမ် နိုင်ငံသို့ စစ်ရေး လက်နက်များ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးခွန်းအား ပြန်လည်ဖြေကြားစဉ် ပြောကြားခဲ့ခြင်း ဖြစ်ပြီး ပိတ်ဆို့မှု ရုပ်သိမ်းခြင်းအား ပိုမို ထင်ရှားစေခဲ့သည်။
အမေရိကန်နိုင်ငံ သည် ၂၀၁၄ ခုနှစ် တွင် နှစ် ၃၀ ကြာ လက်နက် ကုန်သွယ်မှု ပိတ်ဆို့ထားခြင်းအား တစ်စိတ် တစ်ဒေသ ဖြေလျှော့ပေးခဲ့ကာ ဗီယက်နိုင်ငံသို့ ရေကြောင်း လုံခြုံရေး ဆိုင်ရာ ကာကွယ်ရေး ပစ္စည်းများ တင်သွင်းခွင့် ပေးခဲ့သည်။
ဗီယက်နမ်နိုင်ငံ သမ္မတက ဗီယက်နမ် အပေါ် ချမှတ်ထားသည့် လက်နက် ကုန်သွယ်မှု ပိတ်ဆို့ထားခြင်းအား အမေရိကန် နိုင်ငံက ရုပ်သိမ်းပေးခြင်း အပေါ် ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသည် လက်နက် ကုန်သွယ်မှု ပိတ်ဆို့ထားခြင်းအား ၁၉၈၄ ခုနှစ် က စတင်ချမှတ် ခဲ့ကြောင်း သိရသည်။
အမေရိကန် သမ္မတ အိုဘားမားသည် ဗီယက်နမ် နိုင်ငံ သမ္မတ Tran Dai Quang ၏ ဖိတ်ကြားချက်အရ ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မေလ ၂၂ ရက် ညတွင် ရောက်ရှိလာခဲ့ကြောင်းနှင့် မေလ ၂၅ ရက်အထိ ဗီယက်နမ် နိုင်ငံတွင် နေထိုင်သွားမည် ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.