Connect with us

Videos

အီကွေဒေါ မြောက်ဘက် ကမ်းရိုးတန်းတွင် ပြင်းအား ၆.၈ အဆင့်ရှိ ငလျင်ကြောင့် ၁ ဦးသေ ၊ ၈၅ ဦး ဒဏ်ရာရ

ကွီတို ၊ မေ ၁၉ ရက် (ဆင်ဟွာ)

အီကွေဒေါ မြောက်ဘက် ကမ်းရိုးတန်းတွင် မေလ ၁၈ ရက်က ပြင်းအား ၆.၈ အဆင့်ရှိ ငလျင် တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ရာ လူ ၁ ဦး သေဆုံးပြီး ၈၅ ဦး ထိခိုက်ဒဏ်ရာ ရသွားကြောင်း အီကွေဒေါ နိုင်ငံ သမ္မတ Rafael Correa က ပြောသည်။

အဆိုပါ ငလျင်သည် အီကွေဒေါနိုင်ငံ မြောက်ပိုင်း Esmeraldas ပြည်နယ်တွင် မြေအောက် ၁၅ ကီလိုမီတာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အီကွေဒေါ နိုင်ငံ ပထဝီဝင် သိပ္ပံ အေဂျင်စီမှ သတင်း ထုတ်ပြန်သည်။ အင်အားပြင်း ငလျင်ဒဏ်ကို နိုင်ငံအတွင်းရှိ နေရာအတော်များများတွင် ခံစားခဲ့ရပြီး အီကွေဒေါနိုင်ငံ ကွီတိုမြို့ရှိ ပြည်သူများသည်လည်း ၎င်းတို့၏ နေအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြောင်း အေဂျင်စီက ဆိုသည်။ မေလ ၁၈ ရက် နံနက် စောစောပိုင်းက Esmeraldas ပြည်နယ် Muisne Canton မြို့တောင်ပိုင်း မြေပြင်အောက် ၃၂ ကီလိုမီတာတွင် ဗဟိုပြု၍ ပြင်းအား ၆.၈ အဆင့်ရှိ အခြား ငလျင်တစ်ခုလည်း လှုပ်ခတ် ခဲ့သေးသည်။ မေလ ၁၈ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင် နှစ်ခုသည် ၂ဝ၁၆ ခုနှစ် ဧပြီလ ၁၆ ရက်က အီကွေဒေါ နိုင်ငံ မြောက်ဘက်ကမ်းရိုးတန်းတွင် လှုပ်ခတ်ခဲ့သော အနည်းဆုံးလူပေါင်း ၆၆၁ ဦးသေဆုံးပြီး လူပေါင်း ၁၆,ဝဝဝ ကျော် ဒဏ်ရာရခဲ့သည့် ပြင်းအား ၇.၈ အဆင့်ရှိ ငလျင်ကြီး နောက်ပိုင်း ဖြစ်ပေါ်ခဲ့သော ငလျင် နှစ်ခု ဖြစ်ကြောင်း ပထဝီဝင် သိပ္ပံက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.