Social
မြန်မာ့ရေပြင် ၌ ၄၅ နှစ်အတွင်း ငါးသယံဇာတ ၉၀ ရာခိုင်နှုန်း လျော့နည်း ကျဆင်း
ရန်ကုန် ၊ မေ ၂၄ ရက် (ဆင်ဟွာ)
မြန်မာ့ရေပြင်၌ ငါးသယံဇာတ တည်ရှိမှု အခြေအနေမှာ ၄၅ နှစ်အတွင်း ၉၀ ရာခိုင်နှုန်းအထိ လျော့နည်း ကျဆင်းလာသဖြင့် ငါးသယံဇာတများ ပြန်လည် ပေါများ လာစေရေး နှင့် ရေရှည် တည်တံ့စေရေး တို့အတွက် ပိုမို ကောင်းမွန် သည့် အစီအမံများ ပါဝင်သည့် စီမံကိန်း အဆိုပြုလွှာ တစ်ရပ် ရေးဆွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
၁၉၇၀ ခုနှစ် မှ ၂၀၁၅ ခုနှစ်အထိ ငါးသယံ ဇာတ တည်ရှိမှု အခြေအနေအား ကျွမ်းကျင် ပညာရှင်များ၏ သုတေသနပြု ဆောင်ရွက်ချက် မှတ်တမ်းများ အရ ငါးသယံဇာတ ပေါများကြွယ်ဝမှု ၉၀ ရာခိုင်နှုန်း အထိ လျော့နည်း ကျဆင်းသည်ကို တွေ့ရှိရကြောင်း သိရသည်။
ထို့ကြောင့် ရေသတ္တဝါ ဖမ်းဆီးရေးနှင့် ရေသတ္တဝါ မွေးမြူရေး လုပ်ငန်း အပါအဝင် ငါးလုပ်ငန်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး နှင့် ပတ်သက်၍ စီမံကိန်း အဆိုပြုလွှာ(မူကြမ်း)ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်၌ ကျင်းပပြုလုပ်လျက် ရှိပြီး နော်ဝေနိုင်ငံနှင့် မြန်မာနိုင်ငံ တို့မှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဘာသာရပ် ကျွမ်းကျင်သူများမှ ဆွေးနွေး၍ စီမံကိန်း အဆိုပြုလွှာ(မှုကြမ်း)အား ရေးဆွဲကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)