Connect with us

Social

ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်သို့ တက်ရောက် ခြေချနိုင်ခဲ့သော မြန်မာ တောင်တက် အဖွဲ့ပြန်လည် ရောက်ရှိ

မြန်မာနိုင်ငံသို့ပြန်လည် ရောက်ရှိလာသော တောင်တက် အဖွဲ့ဝင် သုံးဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၅ ရက်(ဆင်ဟွာ)

ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက် ခြေချနိုင်ခဲ့သည့် မြန်မာ တောင်တက် အဖွဲ့သည် ရက်ပေါင်း ၆၀ ခန့်ကြာမြင့်ခဲ့သည့် တောင်တက်ခရီးစဉ် အပြီး ယနေ့မေ ၂၅ ရက် နံနက်ပိုင်း အချိန်တွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည် ရောက်ရှိလာခဲ့သည်။

မြန်မာ တောင်တက် အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ကိုပြည့်ဖြိုးအောင်က တောင်တက် ခရီးစဉ် အပေါ် ဂုဏ်ယူ ဝမ်းမြောက်စွာဖြင့် “ကျွန်တော်တို့နိုင်ငံက အခု အာဆီယံ နိုင်ငံတွေထဲမှာ ကမ္ဘာအဆင့် ရပ်တည်လို့ရပါပြီ။”ဟု ပြောကြားခဲ့သည်။

မြန်မာ တောင်တက် အဖွဲ့ဝင် ကိုပြည့်ဖြိုးအောင်ကို မိသားစုဝင်များက ဂုဏ်ပြု ကြိုဆိုနေစဉ်(ဆင်ဟွာ)

မြန်မာ တောင်တက် အဖွဲ့ဝင် ကိုဝင်းကိုကိုအား မိသားစုဝင်များက ဂုဏ်ပြု ကြိုဆိုနေစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံသို့ပြန်လည် ရောက်ရှိလာသော တောင်တက် အဖွဲ့ဝင် သုံးဦးအား ရန်ကုန်လေဆိပ်၌ တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည် ရောက်ရှိလာခဲ့သော မြန်မာတောင်တက် အဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

နီပေါနိုင်ငံရှိ ကမ္ဘာ့အမြင့် ဆုံး ဧဝရတ်တောင်ထိပ်သို့မြန်မာတောင်တက် အဖွဲ့ဝင် နှစ်ဦးသည် ပထမဆုံး အဖြစ် မေ ၁၉ ရက်တွင် တက်ရောက် ခြေချနိုင်ခဲ့ပြီး မြန်မာနိုင်ငံ အလံကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့သည်။
မြန်မာနိုင်ငံ အတွက် ဂုဏ်ယူ သကဲ့သို့မိခင် တစ်ဦး အနေဖြင့်လည်း ဂုဏ်ယူပါကြောင်း မြန်မာ တောင်တက် အဖွဲ့ဝင် ကိုပြည့်ဖြိုးအောင်၏ မိခင်ဖြစ်သူ ဒေါ်အက်(စ်)တာ ကြည်ဝင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လာရောက် ကြိုဆိုစဉ် ပြောကြားခဲ့သည်။
ကမ္ဘာ့အမြင့် ဆုံး ဧဝရတ်တောင်ထိပ်တွင် မြန်မာနိုင်ငံ အလံအား အောင်မြင်စွာ စိုက်ထူနိုင်ခဲ့သည့် မြန်မာတောင်တက် အဖွဲ့ဝင်များအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မိသားစုဝင်များနှင့်အတူ တပ်မတော်သားများ ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ၊ မြန်မာနိုင်ငံခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ် ၊ တက္ကသိုလ် ခြေလျင် တောင်တက် အသင်း ၊ ထူးဖောင်ဒေးရှင်း၊ ထူးကုမ္ပဏီများအုပ်စုမှ မှ တာဝန်ရှိသူများ ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။
မြန်မာနိုင်ငံ ခြေလျင် နှင့် တောင်တက် အဖွဲ့ချုပ်မှ အဖွဲ့ဝင်များ ဖြစ်သော ကိုဝင်းကိုကို ၊ ကိုပြည့်ဖြိုးအောင်နှင့် ကိုညီညီအောင်(ခ)ဒိုးလုံး သည် ကမ္ဘာ့အမြင့် ဆုံး ဧဝရတ်တောင်ထိပ်သို့တက်ရောက်ရန် မတ်လကုန်ပိုင်းတွင် မြန်မာနိုင်ငံမှ စတင် ထွက်ခွာသွားရောက်ခဲ့ပြီး ယခု မေ ၁၉ ရက်တွင် ဧဝရတ်တောင်ထိပ်သို့ရောက်ရှိခဲ့ခြင်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.