Connect with us

Videos

ပညာရေးစနစ်၏ အပြောင်းအလဲတစ်ခုဖြစ်သည့် KG တန်း ယနေ့စတင်တက်ရောက်ကြပြီ

ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် သူငယ်တန်း သင်ရိုး ညွှန်းတမ်း သစ်ကို ယခုနှစ်ပညာသင်စနစ်ဖြစ်သော၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်မှစ၍ သင်ကြားခြင်းဖြစ်ပြီး၊ အခြား သင်ရိုးညွှန်းတမ်းသစ်များကိုလည်း ပညာ သင်နှစ်များ၏ တန်းစဉ်အလိုက် တစ်နှစ်လျှင်တစ်တန်းစီ ပြောင်းလဲ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ယခုနှစ် ဇွန်လတွင် စတင်ကျောင်းတက်သည့် ကလေးများသည် KG+12 ပညာရေးစနစ်အားစတင်ပြောင်းလဲခြင်းဖြစ်ကြောင်း ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (CESR) မှ တာဝန်ရှိသူက ဆင်ဟွာကို ပြောသည်။
အဆိုပါ သင်ရိုးအသစ်ပြောင်းလဲရန် ပညာရှင်များ အနေဖြင့် လွန်ခဲ့သည့် သုံးလေး နှစ် လောက်ကတည်း က ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၂၀၁၆ ဇွန်လတွင် စတင်မည့် ကလေးများအတွက် သင်ရိုးပြောင်း ဖြစ်ပြီး လက်ရှိ ကျောင်း တက်နေသည့် ကလေးများအတွက် သင်ရိုးပြောင်းလဲမှု မရှိကြောင်း ဆိုသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူကြိုတက်သည့် ရာခိုင်နှုန်းသည် ၂၂.၄ ရာခိုင်နှုန်း ရှိသည့်အတွက် မူကြိုတက်သည့် ကလေးငယ်များ နှင့် မူကြိုမတက်သည့် ကလေးငယ်များ နှင့် ယခုKG စနစ်အား ပြောင်းလဲလိုက်သည့်အတွက် လိုက်လျောညီထွေဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.