Asia
အင်ဒိုနီးရှားတွင် အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် နေအိမ်များနှင့် ဘုရားကျောင်း ပျက်စီး
ဂျကာတာ၊ ဇွန် ၈ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း မာလူကူပြည်နယ် မြောက်ပိုင်းတွင် ဇွန်လ ၈ ရက် အစောပိုင်းက အင်အား ၆.၄ ရစ်ချ်တာစကေးရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် နေအိမ် ၁၈ လုံးနှင့် ဘုရားကျောင်း တစ်ကျောင်း ပျက်စီး သွားခဲ့ကြောင်း သဘာဝဘေး လုပ်ငန်းက တရားဝင် ပြောကြားခဲ့သည်။
ယင်းအပျက်အစီးများမှာ ငလျင်ဗဟိုချက်နှင့် အနီးဆုံး နေရာဖြစ်သော Batang Dua ခရိုင်ခွဲ၌ ဖြစ်ပွားခဲ့ကြောင်း အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်း၏ ပြောရေးဆိုခွင့်ရှိသူ စူဆိုပို ပါဝူ ငူဂရိုဟိုက တယ်လီဖုန်းက တဆင့် ဆင်ဟွာသို့ ပြောသည်။
ပြင်းအား ၆.၄ ရစ်ချ်တာစကေးရှိ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၂း၁၅ နာရီ၌ လှုပ်ခတ်ခဲ့ပြီး ဆူနာမီ သတိပေးချက် ကြေညာထားခြင်း မရှိကြောင်း မိုးလေဝသနှင့် ဘူမိရူပဗေဒ လုပ်ငန်း အရာရှိက ဆင်ဟွာသို့ ပြောသည်။
အဆိုပါ ငလျင်မှာ မာလူကူ ပြည်နယ်၏ Ternate ကျွန်း အနောက်မြောက်ဘက် ၁၂၄ ကီလိုမီတာ၊ ပင်လယ်ရေ အောက် ၅၈ ကီလိုမီတာ၌ ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)