Connect with us

Asia

တောင်ကိုရီးယား သည် နှစ်နိုင်ငံ ရေပိုင်နက်ကို ဖြတ်လာသည့် ငါးဖမ်းလှေအား မြောက်ကိုရီးယား ဘက်သို့ ပြန်လှည့်ခိုင်း

ကိုရီးယား နှစ်နိုင်ငံ ကြားရှိ မြောက်ပိုင်း သတ်မှတ်မျဉ်း (NLL) အား မြေပုံ၌ တွေ့မြင်ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား စစ်တပ်သည် ဇွန်လ ၈ ရက် က ကိုရီးယား နှစ်နိုင်ငံကြား ရေနယ်နိမိတ် ကို ဖြတ်သန်း လာသည့် မြောက်ကိုရီးယား ဘက်မှ ငါးဖမ်းလှေတစ်စီး အား လာရာလမ်းအတိုင်း ပြန်လှည့်စေခဲ့ကြောင်း Yonhap သတင်းဋ္ဌာန က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား ငါးဖမ်းလှေအား မြောက်ပိုင်း သတ်မှတ် မျဉ်း (NLL) ၏ တောင်ဘက် ၂၁ ကီလိုမီတာ အကွာ ရှိ အရှေ့ပိုင်း ရေပြင်တွင် ဒေသစံတော်ချိန် ၃း၄၀ နာရီတွင် တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း ပူးတွဲ ကာကွယ်ရေး ဦးစီးချုပ် (JCS) ၏ ပြောကြားချက်ကို ကိုးကား၍ Yonhap သတင်းဋ္ဌာနက ပြောကြားသည်။
စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ပြီးနောက် ငါးဖမ်းလှေ၌ လိုက်ပါလာသူများသည် တောင်ကိုရီးယား စစ်တပ်အား ပြန်လည် ဆန့်ကျင်သည့် သဘောထား မရှိသောကြောင့် ရး၁၀ နာရီတွင် မြောက်ကိုရီးယား ဘက်သို့ ပြန်လှည့် စေခဲ့ကြောင်း သိရသည်။
အဆိုပါ ငါးဖမ်းလှေသည် NLL အနီးသို့ လမ်းကြောင်း မှားကာ ရောက်ရှိလာသည်ဟု ယူဆရပြီး ကိုရီးယား စစ်ပွဲ ပြီးဆုံးခဲ့သည့် ၁၉၅၃ ခုနှစ်တွင် အမေရိကန် ခေါင်းဆောင်သည့် တပ်ဖွဲ့များက ရေးဆွဲခဲ့သည့် မြောက်ပိုင်း သတ်မှတ် မျဉ်း (NLL) အား မြောက်ကိုရီးယား ဘက်က လုံးဝလက်ခံခြင်း မရှိကြောင်း သိရသည်။
လွန်ခဲ့သည့် မေလ ၂၇ ရက်ကလည်း မြောက်ကိုရီးယား ဘက်မှ ကင်းလှည့် လှေတစ်စီး နှင့် ငါးဖမ်းလှေ တစ်စီး သည် NLL ၏ အနောက်ပိုင်း ရေပြင်ကို ဖြတ်ကျော်လာသည့် အတွက် တောင်ကိုရီးယား စစ်တပ်က သေနတ်ပစ်ဖောက် ကာ လာရာလမ်းအတိုင်း ပြန်လှည့်ရန် သတိပေးခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.