Connect with us

Politics, Law & Military

တရုတ် ငြိမ်းချမ်းရေး တပ်သား၏ ရုပ်အလောင်းအား မာလီမှ ပြန်လည် သယ်ယူ

တရုတ် ငြိမ်းချမ်းရေး တပ်သား၏ ရုပ်အလောင်းအား သယ်ဆောင်လာသည့် လေယာဉ်အား ကြိုဆိုနေပုံ (ဓာတ်ပုံ- အင်တာနက်)

ချန်းချွန်း၊ ဇွန် ၉ ရက် (ဆင်ဟွာ)

လွန်ခဲ့သောလက မာလီ၌ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု၌ သေဆုံးခဲ့သည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်သားဖြစ်သူ တရုတ်နိုင်ငံသား စိန်လျန်လျန်၏ ရုပ်အလောင်းသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ချန်းချွမ်မြို့သို့ ဇွန်လ ၉ ရက် နေ့လည်ပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။

စိန်၏ ရုပ်အလောင်းအား သယ်ဆောင်လာသည့် တရုတ် လေတပ် လေယာဉ်သည် ကျိလင်ပြည်နယ် ချန်းချွန်းရှိ Longjia လေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၃း၀၀ နာရီအချိန်၌ ရောက်ရှိခဲ့သည်။ စိန်သည် စစ်တပ်၌ ၁၁ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
အသက် ၂၉ နှစ်အရွယ် ပထမတန်း တပ်ကြပ်ကြီး စိန်လျန်လျန်သည် မာလီနိုင်ငံ မြောက်ပိုင်း Gao မြို့ရှိ ကုလသမဂ္ဂ စခန်းသို့ အကြမ်းဖက်သမားများက မေလ ၃၁ ရက် ညပိုင်းက တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ ဖြစ်သည်။ ယင်းတိုက်ခိုက်မှုတွင် အခြား တရုတ် ငြိမ်းချမ်းရေး တပ်သား ၅ ဦး ဒဏ်ရာ ရရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.