Videos
စာမေးပွဲဖြေဆိုမည့်သူများအတွက် နည်းပညာသစ်များအသုံးပြုထား
ကွမ်ကျိုး၊ ဇွန် ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်းမြို့တစ်မြို့ဖြစ်သည့် ကွေ့ကျိုးမြို့တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုမည့်သူများကို စစ်ဆေး ရန်အတွက် လက်ဗွေစနစ် နှင့် မျက်နှာစကန်ဖတ်စနစ်များကို အသုံးပြုခဲ့ကြောင်းသိရသည်။
အာဏာပိုင်များ၏ အဆိုအရ ထိုကဲ့သို့ စစ်ဆေးခြင်းစနစ်ကို ယခုနှစ်အတွင်း စာမေးပွဲပေါင်း ၆ဝ နီးပါးတွင် အသုံးပြုခဲ့ပြီးဟုလည်းဆိုသည်။
စာမေးပွဲဖြေမည့်သူများ ခိုးချခြင်းမပြုစေဖို့ အချို့စာမေးပွဲများတွင် သတ္တုစစ်ဆေးစက်များနှင့် ကင်မရာများကို အသုံးပြုလျက်ရှိကြောင်းသိရသည်။ (Xinhua)