Connect with us

Videos

ဘင်္ဂလားဒေ့ရှ်တွင် ဈေးသက်သာသည့် ရေပေါ်ဟိုတယ်များ ခေတ်စားလာ

ဒါကာ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ ရှိ ဘူရီဂန်ဂါ မြစ်ကမ်းနဘေးတွင် ရေပေါ်ဟိုတယ်များ ကို ခရီးသည်များအတွက် ဖွင့်လှစ်ပေးထားကြောင်းသိရသည်။ လာရောက်တည်းခိုသူများအနေဖြင့် ရေပေါ်ဟိုတယ်၏ နေရာထိုင်ခင်း ကို ယာယီခံစားနိုင်စေရန်နှင့် မြစ်ကမ်းပတ်ဝန်းကျင်အလှများ ကို ဈေးသက်သာစွာဖြင့် ခံစားနိုင်ကြမည်ဖြစ်သည်။

ဧည့်သည်များမှာ မြစ်ကမ်းပါးရှိ ရေပေါ်ဟိုတယ် ကြီး ၄ ခုနှင့် ဟိုတယ်အသေး ၁ ခု စုစုပေါင်း ဟိုတယ် ၅ ခု တွင် တစ်ညတာတည်းခိုခွင့်မှာ အမေရိကန်ဒေါ်လာ တစ်ဝက် ထက်ပင် အကုန်အကျမရှိကြောင်းသိရသည်။ ရေပေါ်ဟိုတယ်သီးသန့် အမြင့်ဆုံးအခန်းခမှာ ဘင်္ဂလားဒေ့ရှ်ငွေ ၈ဝ တာကာ (အမေရိကန်၁ဒေါ်လာခန့်) ရှိပြီး အနိမ့်ဆုံးဈေးမှာ ၃ဝ တာကာ ကျသင့်မည်ဖြစ်ပြီး အများနှင့်အသုံးပြုရသည့်အခန်းဖြစ်သည်။

ဈေးသက်သာသည့်အခန်းများဖြစ်သောကြောင့် ငွေကြေးအတန်အသင့်သာတတ်နိုင်သည့်သူများ နှင့် ရေလမ်းကြောင်းကို အသုံးပြု၍စီးပွားရေးလုပ်ကိုင်သူများအတွက် အထူးမှီခိုအားထားရာနေရာများဖြစ်လာသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.