Connect with us

Asia

အင်ဒိုနီးရှား အသေခံ ဗုံးပေါက်ကွဲမှု ဗုံးခွဲသမား သေဆုံး၊ ရဲတပ်ဖွဲ့ဝင် တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု တစ်ခု အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျာဗား၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပြည်နယ် အလယ်ပိုင်း ဆိုလိုမြို့တွင် ဇူလိုင်လ ၅ ရက် အစောပိုင်းက ရဲစခန်းတစ်ခု အား အသေခံ ဗုံးခွဲသမား တစ်ဦးက ဗုံးခွဲ တိုက်ခိုက်ခဲ့၍ ဗုံးခွဲသမား သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်တွင်း Metro ရုပ်သံဋ္ဌာန က သတင်း ထုတ်ပြန်ခဲ့သည်။

အသေခံ ဗုံးခွဲသမားသည် ရဲစခန်း ဂိတ်ပေါက်ဝသို့ ဒေသစံတော်ချိန် နံနက် ရး၃၀ နာရီတွင် ဝင်ရောက်လာ ပြီးနောက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဂျာဗားပြည်နယ် အလယ်ပိုင်း ရဲမှူး စစ်ဆေးရေးအရာရှိချုပ် Condro Kironon ကပြောကြားခဲ့သည်။
မော်တော်ဆိုင်ကယ် စီးနင်းလာသည့် အသေခံ ဗုံးသမားအား ရဲတပ်ဖွဲ့ဝင် တစ်ဦးက တားဆီးပြီးနောက် ၎င်းသည် အင်အားပျော့သည့် အသေခံဗုံးကို ဖောက်ခွဲခဲ့ကြောင်း Kironon ကပြောသည်။
ယင်းပေါက်ကွဲမှုကြောင့် အသေခံဗုံးခွဲသမား သေဆုံးခဲ့ပြီး ၎င်းအား တားဆီးခဲ့သော ရဲတပ်ဖွဲ့ဝင် အပြင်းအထန် ဒဏ်ရာ ရရှိခဲ့သည်။
ရဲစခန်းအတွင်း ထိခိုက်ပျက်စီးမှုနှင့် ပတ်သက်၍ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
အင်ဒိုနီးရှား စုံစမ်းထောက်လှမ်းရေး အေဂျင်စီ အကြီးအကဲ Sutiyoso က အဆိုပါ ဗုံးဖောက်ခွဲမှု အား IS စစ်သွေးကြွ အဖွဲ့က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက “ယခု ဗုံးပေါက်ကွဲမှုဟာ IS အဖွဲ့ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ ပြောင်းလဲလာမှုရဲ့ တစ်စိတ် တစ်ပိုင်း ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်မှာ IS စစ်သွေးကြွတွေဟာ တိုက်ခိုက် နှိမ်နင်းခြင်း ခံနေရတဲ့ အပြင် ၎င်းတို့ ထိန်းချုပ်ထားတဲ့ နယ်မြေများဟာလည်း အစိုးရ တပ်ဖွဲ့များရဲ့ ပြန်လည်သိမ်းပိုက်ခြင်း ခံလိုက်ရပါတယ်။ ဒါကြောင့် IS တွေဟာ ၎င်း တပ်ဖွဲ့ဝင်များရဲ့ မူလနိုင်ငံ တွေမှာ အကြမ်းဖက် လုပ်ငန်းများ လုပ်ရန် ဦးတည်လာခြင်း ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.