Asia
အိန္ဒိယ ရေကြီးမှုကြောင့် ၂၂ ဦး သေဆုံး
နယူးဒေလီ ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံအလယ်ပိုင်း Madhya Pradesh ပြည်နယ် ရေကြီးမှုတွင် သေဆုံးသူဦးရေ ၂၂ ဦး အထိရှိသွားပြီဖြစ်ကြောင်း နှင့် ပြီးခဲ့သော ၂၄ နာရီအတွင်း နောက်ထပ် လူ ၇ ဦး သေဆုံးသွားကြောင်း သိရသည်။
“ ပြည်နယ်တွင်း ရေကြီးမှုကြောင့် သေဆုံးသူဦးရေဟာ ၂၂ ဦးထိ ရှိသွားပါပြီ။ နောက်ထပ် လူ ၉ ယောက်လည်း ပျောက်ဆုံးနေပါတယ်” ဟု အိန္ဒိယအစိုးရ အကြီးတန်းအရာရှိ တစ်ဦးက ဇူလိုင် ၁၂ ရက်တွင် ပြောကြားသည်။
အိန္ဒိယပြည်တွင်း ရုပ်မြင်သံကြားသတင်းဌာနက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ် အဆောက်အအုံပေါင်း ၂၅ဝဝ ကျော်ပျက်စီးဆုံးရှုးံသွားသည့် ပုံရိပ်များကို ထုတ်လွှင့်ပြသခဲ့သည်။ ထို့ပြင် ရေဘေးကြောင့် ပြည်သူ ၇ဝဝဝ ကျော်ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းထားပေးရကြောင်း အိန္ဒိယနိုင်ငံ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနမှ တာဝန်ရှိသူများက ပြောသည်။
အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက လာမည့် ၂၄ နာရီအတွင်း နိုင်ငံအတွင်းရှိ ခရိုင် ၃၄ ခုတွင် ပျမ်းမျှမိုးရေချိန်ထက် ပို၍ မိုးရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ “ရေကြီးမှုကြောင့် လူအသေအပျောက် ပမာဏ တိုးပွားလာခြင်းမှ ရှောင်ရှားနိုင်အောင် နိုင်ငံတွင်းမှာ ရှိတဲ့ ကယ်ဆယ်ရေးအဖွဲ့အားလုံးက လုပ်ကိုင်ဆောင်ရွက်နေပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ (Xinhua)