Connect with us

Videos

နှစ်ပေါင်း၂ဝဝဝ ကျော်နီးပါး သက်တမ်းရှိ မြစ်ကမ်းပါးထက်ကျောက်သားနံရံပန်းချီများကမ္ဘာ့အမွေအနှစ်စာရင်းဝင်

ကွမ်ရှီးကျွမ့်၊ ဇူလိုင် ၂ဝ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝဝ ကျော်နီးပါး ခန့်က ကျောက်တုံးကျောက်သားနံရံများပေါ်တွင် ရေးဆွဲခဲ့သည့် ကျောက်တုံးပန်းချီအစုအဝေးကို UNESCO မှ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခဲ့ကြောင်း သိရသည်။
ဟွာ့ရှန်းတောင် နှင့် ချုံဇူးဒေသ၊ ဆူးကျောင်မြစ်တစ်လျှောက်၌ ဟက်တာပေါင်း ၆၆၂၁ ရှိ ဆူးကျောင်ဟွာ့ရှမ်း အမွေအနှစ်ထိမ်းသိမ်းရေးဒေသတွင် အထူးမွမ်းမံရေးဆွဲထားသည့် ပန်းချီကားပေါင်း ၁၉ဝဝ ကျော်တို့ကို တေ့ွရှိခြင်းဖြစ်သည်။
အညိုဘက်သန်းသည့် အနီရောင်ဆေးပန်းချီများမှာ ဘီစီ ၄၇၅ မှ ၂၂၁ နှင့် အရှေ့ဟန်မင်းဆက်လက်ထက် ရှိ ကျွမ်းလူမျိုးစုများ၏ ဘိုးဘေးများဖြစ်သည့် လိုယွဲ့လူမျိုးများ ၏ ယဇ်ပူဇော်ခြင်းများ ကို ရုပ်ပုံများအဖြစ် ရေးဆွဲထားခြင်းဖြစ်သည်။
ပန်းချီများတွင်အဓိက ပါဝင်သည်မှာ ဖားပုံသဏ္ဍာန် လူူများ၊ ကျွမ်းတိုင်းရင်းသားလူမျိုးစု၏ ရိုးရာအရုပ် နှင့် အဆိုပါတိုင်းရင်းသားတို့ အထူးတီထွင်ထားသည့် ဆန်စပါးစိုက်ပျိုးနည်းစနစ်တို့ဖြစ်သည်။ အဆိုပါ ပန်းချီကားများမှာ ပျောက်ကွယ်ခဲ့ပြီဖြစ်သည့် လိုယွဲ့လူမျိုးစုများ၏ မှတ်တမ်းများလည်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.