Connect with us

Science & Technology

ရန်ကုန် ၆ မြို့နယ်၌ ကောင်းကင် ဓာတ်အားလိုင်း အဆင့်မြှင့်တင် တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်မည် ဖြစ်၍ ဓာတ်အား ပြတ်တောက်မည်

ဓာတ်အား ပို့လွှတ် ဖြန့်ဖြူးသည့် ကောင်းကင် မဟာဓာတ်အားလိုင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန် အရှေ့ပိုင်း ခရိုင်နှင့် မြောက်ပိုင်း ခရိုင် အတွင်းသို့ဓာတ်အား ပို့လွှတ် ဖြန့်ဖြူးပေးသော ၃၃ ကေဗွီ ၊ ၆.၆ ကေဗွီ ကောင်းကင် ဓာတ်အား လိုင်းများ အဆင့်မြှင့်တင် တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်၍ မြို့နယ် ၆ မြို့နယ်၌ ဓာတ်အား ပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အသိပေး ထုတ်ပြန်ခဲ့သည်။

ဓာတ်အား ပြတ်တောက်မည့် မြို့နယ်များမှာ ဇူလိုင်လ ၂၃ ရက်တွင် နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီ အထိ ပုဇွန်တောင်မြို ့နယ် ၊ ဗိုလ်တထောင် မြို့နယ် ၊ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိ အင်းစိန်မြို့နယ် ၊ မင်္ဂလာဒုံ မြို့နယ် နှင့် ဇူလိုင်လ ၂၄ ရက် ၊ နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီ အထိ သာကေတမြို့နယ် ၊ ဒေါပုံ မြို့နယ်များ ဖြစ်ကြောင်း သိရသည်။
ပြည်သူများ လျှပ်စစ် အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ရသော လုပ်ငန်း ဖြစ်သဖြင့် တည်ဆောက်ရေး လုပ်ငန်းခွင်နှင့် မလွတ်ကင်းသော ဓာတ်အားလိုင်း အချို့အား ယာယီ ဓာတ်အား ပိတ် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.